အပိုင်း(103)uni&zgi

405 24 1
                                    


The Lengend of the blue sea

အပိုင်း(103)

"နာနာ ကိုယ့်အဖေရဲ့အသက်ကိုချမ်းသာပေးပါ ကိုယ့်အသက်ကိုမင်းလက်ထဲအလျော်အစားပေးပါတယ် ရမလားဟင် "

ရီနာနာ တချိန်က သူမချစ်ကျွမ်းဝင်ဖူးတဲ့ယောကျာ်းကိုကြည့်လိုက်တယ်

ဒီလောကမှာ ဒီယောကျာ်းက သူရုပ်အချေိာဆုံးပါလို့ပြောရင် ဘယ်သူကမှ လာကန့်ကွက်ရဲမှာမဟုတ်ဘူး

သူ့နေရာနဲ့သူအချိုးကျဖွဲ့စည်းထားပုံက နတ်ဘုရားဆိုတာဒီလိုချေိာမောလွန်းလှပါလားဆိုတာကိုသိလာစေတယ်

ဒါကြောင့် သူမနဲ့ပတ်သတ်ခဲ့သမျှ ယောကျာ်းတွေကလဲ သာမာန်ထက် လွန်လွန်ကဲကဲချောမောနေခဲ့ကြတာပေါ့

စီမာချင်းဖန်းစီမှာ အနစ်နာခံမူ့

ပေ့ထန်ဆီမှာ အမုန်း

မော့ကျန်းဟိုဆီမှာ သံယောဇဉ်

ရိရန်ဆီမှာ ကြင်နာခြင်းနဲ့

သူမဘေးက‌ ‌ေယာကျာ်း‌ေတွရဲ့ဖန်တီးရှင် သူဆီမှာတော့ အချစ်အမုန်းအချိုအခါးအားလုံးကိုရရှိခဲ့တယ်

ဒါပေမဲ့ သူမ သူ့ဆီက အားလုံးရဖူးပေမဲ့ အဲ့ဒါတွေအားလုံးကအတုတွေတဲ့ သူမ ရခဲ့ဖူးသမျှ အားလုံးအတုတွေတဲ့

သူမကိုနှစ်ပေါင်းများစွာ သခင်တယောက်လိုပြုစုခဲ့ဖူးတာရော

သူမကို မိဘတွေနဲ့ဝေးနေချိန်မှာ စိတ်ပျော်အောင် ကြယ်‌မြစ်ကြီးဆီခေါ်သွားဖူးတာရော

သူမ ဝမ်းနည်းတာငိုကြွေးတာကိုနားမလည်လို့ခံစားရခက်နေချိန်မှာ သူနှစ်သိမ့်ပေးခဲ့တာရော

အချစ်ဆိုတာဘယ်လိုမျိုးလဲလို့ သူမမေးခဲ့တဲ့အချိန် သူမကိုအိပ်ရာပေါ်မှာ အပြည့်အဝသင်ကြားပေးခဲ့တာရော

အားလုံးက အစထဲကစီစဉ်ထားခဲ့တာပဲ

အချစ်နတ်ဘုရားမတွေက အချစ်ကံခေတတ်ကြတယ်တဲ့

တကယ်ပဲ အဲ့စကားကအမှန်ဖြစ်ပုံပဲ

မဟုတ်ရင် သူမ ဘာလို့ဒီလိုခံစားနေရမှာလဲ

ဒီလူကိုသူမသေလောက်အောင်မုန်းတယ် သူမရဲ့နှလုံးသားပြန်ရလာပြီးတော့ သူမဆီမှာ သူ့အတွက် ကြယ်မြစ်တစင်းလိုကြီးမားတဲ့ချစ်ခြင်းတွေအပြည့်အသိပ်ရှိနေခဲ့တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now