Ch.56.uni&zgi

480 25 1
                                    

The Lengend of the blue sea

အပိုင်း(56) မီးနဂါးနှင့်ရီနာနာ..... ရီနာနာနှင့် ပျံသန်းမျိုးနွယ်စု

"သခင်မလေး အဲ့ရှေ့ကတောအုပ်က မီးနဂါးရှိတဲ့တောအုပ်ပဲ သခင်မလေးရဲ့ချပ်ဝတ်တန်ဆာပြည့်စုံသွား‌ေစမဲ့အပြင် အပိုဆောင်းလက်နက်တွေတောင် လုပ်လို့ရဦးမယ်"

အဲ့တောထဲမှာ ထူးခြားတဲ့အရှိန်အဝါတခုရှိပေမဲ့ သူမကို ပြသနာမရှာပဲလွတ်ထားလို့ အဲ့ဒါက မီးနဂါးဆိုတာကိုမသိလိုက်ဘူး

ဒါပေ‌မဲ့ အောက်က လူတစုရောက်လာတာနဲ့ အဲ့အရှိန်အဝါကလဲ လှုတ်လှုတ်ခတ်ခတ်ဖြစ်လာတော့တယ်

သူမတောထဲကိုလှည့်ကြည့်လိုက်တယ်

အဲ့နောက်တော့ အောက်က လူတစုကို ငုံ့ကြည့်လိုက်တယ်

အမ်?

လူတစုဆိုတာထက် ငှက်တစုလို့ပြောရမလား

သူတို့ရဲ့တောက်ပတဲ့တောင်ပံတွေက ကျေိာပြင်အပြည့်ဖုံးထားတဲ့အပြင် မြေကြီးပေါ်မှာပါ တရွတ်ဆွဲပြီးကျနေလေတယ်

ပျဲသန်းလိုက်ရင်တော့ တော်တော်လှပလောက်မယ်ဆိုပေမဲ့ ‌မြေကြီးပေါ်ကျနေတဲ့တောင်ပံတွေကတော့ ပေတာတူးနေမှာပဲ

သူတို့ရေချိုးရတာ အလုပ်မရှုပ်ဘူးလား ဒါမှမဟုတ် အဲ့တောင်ပံတွေထဲမှာ သန်းမရှိတာသေချာလား

ငှက်တွေဆိုရင် သူတို့ကိုယ်က သန်းတွေကိုစားဖို့ ထိုးဆိတ်ဖို့ရာ နှုတ်သီးတစုံပါသေးတယ်

အခုတော့ ဒီလို လှတပတ ချောချောမောမော ခန့်ညားတဲ့ငှက် အဲ လူငှက်တွေက သူတို့တောင်ပံတွေကို ဘယ်လိုသန့်ရှင်း‌ေ‌ရးလုပ်ကြလဲ

သူမ တကယ်သိချင်သွားမိတယ်

တစ်ယောက်အတောင်ပံတွေကိုတစ်‌ေယာက်ဖြန့်ပြီး တစ်ယောက်တလှည့်နှုန်းနဲ့များ သန်းရှာနေကြမလား

အဲ့ဒါဆိုရင်တော့ အဲ့မြင်ကွင်းကရယ်ဖို့ကောင်းနေမှာသေချာတယ်

သူမ ကြည့်နေဆဲမှာပဲ အဲ့လူငှက်အုပ်စုက သူမရှိနေတဲ့သစ်ပင်အောက်က ထွက်ခွာသွားကြတော့တယ်

အဲ့လိုသွားနေရင်းနဲ့ သူတို့ကျောကိုတွန့်ကာ ‌အတောင်ပံကို ‌ခေါက်သိမ်းလိုက်လေတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now