အပိုင်း(38) uni&zgi

615 40 1
                                    

🌿The Lengend of the blue sea

အပိုင်း(38) လူဝကြီးရဲ့အဆိပ်ခတ်နည်း

လူဝကြီးက ပျော်ရွှင်စွာရှေ့ကိုတက်လာခဲ့တယ်

သူ့လက်ထဲက မိန်းကလေးတစ်ယောက်ရဲ့ခြေထောက်ကြီးကလဲ စားလို့ကုန်သွားတဲ့ပုံနဲ့ဘာမှမဟုတ်သလိုလွှင့်ပစ်လိုက်တယ်

ပြီးတော့ အဲ့သွေးစွန်းနေတဲ့လက်တွေကိုဖုတ်ဖတ်ခါကာ ဆီစွန်းနေသလိုပဲ ဖြစ်သလိုသုတ်ပစ်လိုက်လေတယ်

သူ့ရဲ့အဆီအစ်နေတဲ့လက်ဝဝကြီးတွေက ရှေ့ကိုလှမ်းလာတော့ ‌ရီနာနာသာမက ရေဘုရင်နဲ့ပေ့ထန်ကပါ နောက်ကိုယို့သွားလေရဲ့

လှိုက်ခနဲတက်လာတဲ့သွေးနံ့တွေက နှာခေါင်းထဲအလုံးအရင်းလိုက်ဝင်လာတဲ့အခါမှာ ရီနာနာ ပျို့အန်ချင်လာခဲ့တယ်

သွေးအိုးတွေနားမှာနှစ်ပေါင်းများစွာကျင်လည်နေပြီးတော့ လူသားကိုပါအဆာပြေပုံစံ စားတတ်တဲ့အဲ့လူကြီးရဲ့ကိုယ်နံ့က ဆိုးဆိုးဝါးဝါးကို နံဟောင်နေလေတယ်

ဘယ်သူကမှ ရှေ့တက်ချင်စိတ်ရှိမှာကိုမဟုတ်ဘူး

ရေဘုရင်က သူ့လက်တွေကိုကိုင်ထားတဲ‌့ပေ့ထန်ရဲ့လက်ကိုအတင်းဖြုတ်ကာ ရီနာနာ နားပြန်ပြေးလာခဲ့တယ်

ပေ့ထန်က မျက်မှောင်ကြုတ်သွားပေမဲ့ သူကိုယ်တိုင်ကလဲ အန်ချင်စိတ်ကိုအတင်းမျိုသိပ်နေရတာကြောင့် သူ့လက်ထဲက လွှတ်ထွက်သွားတဲ့ရေဘုရင်ကိုအမိမဖမ်းလိုက်နိုင်ဘူး

"လာကြစမ်းပါ အဲ့အဆိပ်နဲ့ပဲ တသက်လုံးနေချင်နေကြတာလား "

လူဝကြီးက စိတ်မရှည်ပဲ ရှေ့ကိုဆက်တက်လာခဲ့တယ်

ရီနာနာနားရောက်လာတဲ့‌ေရဘုရင်က

"သတိထား ဒီလူကာထင်ထားသလောက်မရိုးရှင်းဘူး"

"အင်း "

"ကိုယ်အရင်သွားလိုက်မယ် တခုခုဆို ‌ကိုယ့်ကိုဂရုစိုက်မနေနဲ့ ပြေးသာပြေး‌တော့ "

"ဟမ် "

ရေဘုရင်ပြောတာကို ကောင်းကောင်းနားမလည်သေး‌တဲ့ရီနာနာကိုထားခဲ့ပြီး သူကတော့ ရှေ့ငိုတက်သွားခဲ့လေပြီ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now