အပိုင်း(၆)zgi

310 17 0
                                    

🌿The legend of the blue sea

အပိုင်း( 6) သူမရဲ့စိတ်ထား

ပြောရရင် သူမတို့ဘဝကသနားစရာပဲ

သန္တာကျောက်တန်းကိုဂူထွင်းပြီးနေရတယ်

‌စားစရာမရှိတော့ အချင်းချင်းစားကြရတာတွေတောင်ရှိတယ်

အကောင်သေးလေးတွေမတွက်မတွေးဝံ့စရာပဲ

"ဟေးးး ငါတကယ်ပြောတာ ငါတို့အရှင်ရဲ့မိတ်ဖက်အသစ်ကအရမ်းလှတဲ့ရေသူမပါဆို အပြာနုရောင်ဆံပင် အပြာနုရောင်အကြေးခွံ အပြာနုရောင်မျက်ဆံနဲ့ သူတို့ပြောတာ အပြာနုရောင် တောင်ပံတစုံလဲရှိသေးတယ်တဲ့ ဟမ်း မင်းတို့မယုံဘူးလား ငါကကိုယ်တိုင်မြင်ခဲ့ရတာကွ"

ရေနဂါးအကောင်ပေါက်သေးသေးလေးက အာကျယ်အာကျယ်နဲ့သူမအကြောင်းပြောနေတာ

ချစ်ဖို့ကောင်းလွန်းလို့ သူမတော့ အဲ့ရေနဂါးလေးရဲ့ဖင်ကိုရိုက်ပစ်ချင်မိတဲ့အထိပဲ

သူမလဲ အကြံတချက်ရသွားပြီး အဲ့ရေနဂါးလေးနောက်ကိုသွားလိုက်တယ်

ဒင်းလေးကတော့ အာကျယ်အာကျယ် အာပေါင်အားရင်းသန်သန်နဲ့ငြင်းခုန်နေဆဲ

သူ့အပေါင်းအသင်းတွေက သူမကိုမြင်လို့ ထိတ်လန့်စွာတိတ်ဆိတ်သွားကြသည့်တိုင် သူကတော့ အငြင်းကောင်းနေဆဲ

နောက်တော်တော်ကြာတော့မှ တခုခုထူးဆန်းနေတာကိုသတိပြုဟန်တူရဲ့

ထူးဆန်းနေတဲ့မျက်နှာနဲ့သူမကိုလှည့်ကြည့်လာလေတယ်

ဖြစ်ချင်တော့ သူတို့ရေနဂါးတွေက မျက်နှာအမူအယာတခုထဲရှိတာလေ ပျော်လဲဒီရုပ် ဝမ်းနည်းလဲ ဒီရုပ်ပဲဆိုတော့

အကဲဖမ်းစရာမျက်လုံးလေးတွေပြရှိတော့တာ

ဝမ်းနည်းစရာက ရေ‌နဂါးလေးတွေရဲ့မျက်လုံးကလဲအတော်သေးတဲ့အပြင် ဒီက‌လေးကငယ်သေးတော့ အသွင်ကလဲမပြောင်းရသေးဘူး

တော်တော်ကို ချစ်စရာမျက်နှာပေးလေးဖြစ်နေရော

အဲ့တာနဲ့ သူမလဲ မနေနိုင်တော့ပဲ ပါးလေးကိုသွားဆွဲလိုက်မိတယ်

အေးအေးလေးနဲ့ကြမ်းကြမ်းလေးဆိုပေမဲ့လဲ တော်တော်လြစိတ်လှုပ်ရှားစရာကောင်းတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now