Ch .28.

537 31 0
                                    

🌿The legend of the blue sea

အပိုင်း(28) အချစ်မှာနစ်မွန်းသူတစ်ယောက်ကြောင့် အချစ်ကျိန်စာကနိုးထလာခဲ့တယ်🌿

ရီနာနာပျောက်နေတာသုံးရက် အဲ့ကြားထဲမှာ ပေ့ထန်ရဲ့လက်ထဲကလှည့်ပတ်ရှောင်ရတာကလဲအလုပ်တလုပ်

ကျားကြီးကိုသတိထားရင် သိုးငယ်လေးဟာချစ်ရသူမြေခွေးမလေးကိုစောင့်နေခဲ့တယ်

သူ့မှာအစစအရာရာသတိထားနေရပြီး ပုံစ‌ံပေါ်သွားမှာစိုးလို့ သူ့နဂိုပုံစံတောင်ပြန်မနေရဲဘူး

ဒီလိုနဲ့ လေးရက်မြောက်မနက်ခင်းတခုမှာတော့ ရီနာနာဟာ အမျိုးသားတစ်ယောက်လက်ကိုတွဲလို့သူ့‌ေရှ့ကိုပြန်ရောက်လာခဲ့တော့တယ်

"အရှင်မင်းကြီးကိုနှုတ်ခွန်းဆက်သပါတယ်"

သူမက ဒူးလေးကိုကိုင်းကာ ပေါင်တဖက်ပေါ်လက်နှစ်ဖက်ယှက်လျှက် နူးနူးညံ့ညံ့နှုတ်ဆက်တယ်

သူ့ဘေးနားကလူကလဲအဲ့လိုပဲ လက်သီးဆုပ်လျှက် ပေ့ထန်ကိုဦးညွတ်နှုတ်ဆက်တယ်

သူတို့နှစ်ယောက်က လိုက်ဖက်လှတဲ့စုံတွဲတွေလိုပဲ

တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ ပြုံးနေလိုက်ကြသေးတယ်

ဒါကဘာတွေလဲ

သူ့ရင်တခုလုံး ချဉ်စူးလာခဲ့တယ်

သူမဘာအစီအစဉ်တွေလုပ်နေပြန်တာလဲ

သူ မပါပဲ သူမတစ်ယောက်ထဲ ကျိတ်လုပ်နေပြန်ပြီလား

သူ့ရဲ့စိတ်ပူတဲ့မျက်ဝန်းတွေက သူမဆီကမခွာ

သူမက အဲ့လူရဲ့လက်မောင်းကို ချိတ်ကာ ပြန်ထွက်သွားဖို့အလုပ်

"ကျဲကျဲ"

ခန်းမထဲမှာ ဝမ်းနည်းနေပြီး ကတုန်ကရင်ဖြစ်နေတဲ့ အသံချိုချိုလေးကထွက်လာခဲ့တယ်

ရီနာနာ မျက်မှောင်ကြုတ်ပြီးလှည့်အကြည့် သူမရဲ့ရင်ခွင်ထဲကိုနုညံ့အိထွေးတဲ့ခန္ဒာကိုယ်သေးသေးလေးတခုကဝင်ရောက်လာခဲ့လေရဲ့

"ကျဲကျဲ မေ့မေ့ကိုတောင်နှုတ်ဆက်မသွားတော့ဘူးလားဟင် မေ့မေ့ကိုဂရုမစိုက်တော့ဘူးလား မေ့မေ့ကိုမချစ်တော့ဘူးလားဟင်"

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now