ch.45.uni&zgi

592 40 1
                                    

The Lengend of the blue sea

အပိုင်း(45) သူမအတွက် ဝန်ထုတ်ဝန်ပိုးသက်သက်သာ (1)

"ကျနး်ဟို ကျန်းဟိုင်ကိုပြန်နှင့်တော့ ဟေးလုံ သူ့ကိုခေါ်သွား"

သူမ ပြောလိုက်တာနဲ့ ရေဘုရင်ရဲ့တဇွတ်ထိုးစိတ်ကိုသိတဲ့ဟေးလုံက ချက်ချင်း နဂါးပုံပြောင်းလိုက်ကာ ရေဘုရင်ကိုကိုက်ချီသွားတော့တယ်

"မဟုတ်ဘူး ငါ မပြန်ဘူး မပြန်ဘူးလို့ပြောနေတယ်လေ ဟေးလုံ ငါကလဲ ဘုရင်တပါးဖြစ်နေဆဲပါပဲ ငါ့ကိုတောင်လေးစားမူ့မရှိတော့ဘူးလား"

ဘာပဲပြောပြော ဟေးလုံကတော့ သူ့ရဲ့နဂါးအသွင်ပြောင်းရက်နဲ့အလျှင်အမြန်ထွက်ပြေးသွား‌ခဲ့လေပြီ

ရီနာနာကတော့ ဒီတခေါက် ရေဘုရင်မရှိလို့ သူမ ‌သက်ပြင်းချလိုက်တယ် မဟုတ်ရင် အဲ့ငတုံးလေးက သူမကိုထပ်ကာကွယ်နေဦးမှာ

"အရှေ့ပင်လယ်ဘုရင်မက သတ္တိတော့ကောင်းသားပဲ ဒါနဲ့ ဒီနတ်ဘုရားကိုလွမ်းလို့လား ဘာလို့ ခနတိုင်းဆုံအောင်အပြစ်တွေလုပ်နေရတာလဲ "

"စကားများတယ် လာသာလာလိုက်စမ်းပါ "

မိုးကြိုးနတ်ဘုရားရိရန်က ရီနာနာအပေါ် အမြင်ကောင်းလေးတွေရှိနေတာကြောင့် စကားစမြည်ပြောလိုခြင်းပါ

အမှန်အတိုင်းပြောရရင် သူက သူမပြောတဲ့စကားမှာကျေနပ်စရာတွေ့ရင် နဲနဲလောက်ဖြစ်ဖြစ် သက်ညှာပေးမလို့ကို

ဒါပေမဲ့ ဒီမိန်းကလေးကတော့ သူ့ကို ဘုဘောက်နေတော့တာပါပဲ

ဒီတော့ သူလဲ လက်ကိုမြောက်လို့ယပ်တောင်လေးကို အသာခပ်လိုက်လေတော့ ရွှေရောင်မိုးကြိုးလုံးက သူမအပေါ်ပစ်ချလာခဲ့လေတယ်

သူမရဲ့စွမ်းအားအကုန်ကိုစုလို့တောင့်ခံထားလိုက်တယ်

သူမအပေါ်ကျရောက်လာမဲ့မိုးကြိုးက ရုတ်တရက် တခြားတစ်ယောက်ပေါ်ကျရောက်သွားခဲ့လေရဲ့

"..........."

သူမ ခါးကိုဖက်ထားတဲ့တဦးတစ်ယောက်က မိုးကြိုးထိကာ လွင့်ပျံသွားခဲ့တယ်

သူမ အမောတကော အထိတ်တလန့်နဲ့‌ကြည့်လိုက်တော့ ရေဘုရင်ပဲ

မလှမ်းမကမ်းမှာတော့ စိတ်ဓာတ်ကျနေတဲ့ဟေးလုံရှိနေလေတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now