အပိုင်း(11)uni

1.1K 81 1
                                    

🌿Lengends of the blue sea

အပိုင်း(11) အင်အားဖြင့်အနိုင်ကျင့်ခြင်း

ခေါင်းပေါ်မှာပုလဲသရဖူတပ်ထားပြီး ကျက်သရေရှိတဲ့သူမက ပင်လယ်နတ်ဘုရားရဲ့အရှိန်အဝါတွေနံ့လင်းလက်နေတယ်

အားလုံးရှေ့မှာပဲ သူမက လက်နှစ်ဖက်ကိုသပ်လိုက်ကာ

"ကဲ ဒီတိုင်တန်ခရင်းခွကို ဒီမှာစိုက်ထားလိုက်ပြီ ကိုယ့်အစွမ်းအစနဲ့ကိုယ် နှုတ်ယူနိုင်ရင်ရမယ် ဒါက အားလုံးအတွက်တရားလိမ့်မယ်"

သူမအပြုံးလေးနဲ့ပြောလိုက်ပေမဲ့ သူမမျက်လုံးတွေထဲမှာ လှောင်ပြောင်မူ့ကိုမြင်နေရတယ်

"အားလုံးပဲ စမ်းသပ်ကြည့်နိုင်ပါတယ် "

အားလုံးကဘာပြောရမှန်းမသိဖြစ်ကုန်ကြတယ်

တိုင်တန်ခရင်းခွက သူမကိုသခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီဆို?

သူမက တိုင်တန်ခရင်းခွကိုအပြည့်အဝထိန်းချုပ်နိုင်ပြီဆို?

အားလုံးကခါးသီးစွာပြုံးလိုက်ကြတယ်

ထုတ်ယူလို့မရမှာသိသိရက်နဲ့

ဒါက အင်အားနဲ့အနိုင်ကျင့်တာမဟုတ်ဘူးလား

သူမသေဆုံးသွားမှသာ အဲ့ခရင်းခွက တခြားသခင်အသစ်ကိုရှာမှာ

အဲ့တာကို သူတို့ကဘာလုပ်ရမှာလဲ

သူမကတော့ ပြုံးပြုံးလေးနဲ့ ရေဘုရင်နဲ့ဟေးလုံရဲ့ကြားထဲမှာသွားရပ်လိုက်တယ်

အင်အားအကြီးဆုံး ရေဘုရင်နဲ့ နဂါးနက်ရှိတာ မလုံလောက်သေးလို့ အခုတိုင်တန်ခရင်းခွရဲ့သခင်ဖြစ်သူပါ ပေါ်ထွန်းလာခဲ့ပြန်ပြီ

ဒီနေရာကို နောက်ထပ်ရန်စရဲတဲ့သူမရှိတော့ဘူးဆိုတာသေချာတယ်

ဒါပေမဲ့ ဒီအထိလာရပြီးမှ ဘာမှမရပဲပြန်သွားရတာလဲမဟုတ်သေးဘူး

အဲ့တော့ ဘာမှမတတ်နိုင်ပဲ လက်ပိုက်ကြည့်နေတဲ့သူမရှေ့မှာတင် တယောက်ယောက်ကစကြိုးစားတော့တယ်

အဲ့ဒါက နတ်ဆိုးငါးတစ်ကောင်ပဲ

ထိုသူက သူရဲ့လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာပွတ်လိုက်ပြီး တိုင်တန်ခရင်းခွနားကပ်သွားလိုက်တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now