Ch .46.uni&zgi

599 33 1
                                    

The Lengend of the blue sea

အပိုင်း(46) သူမအတွက် ဝန်ထုတ်ဝန်ပိုးသက်သက်သာ (2)

"မင်းတို့လူသားတွေ တကယ်ရှုပ်တာပဲ "

"ဒါကတော့ ရှင်က ဒိလိုအခြေအနေတွေမကြုံဖူးလို့ပါ "

"ဟုတ်မှာပေါ့ ဒါပေမဲ့လဲ မင်းကြည့်ရတာ ကျေးဇူးတရားဆိုတာထက် သံယောဇဉ်ကပိုသာနေသလားလို့  "

"ဒါကတော့ နောက်တော့ ဖြစ်လာမှာပါ သူကတကယ်ကောင်းတာ ကျွန်မရဲ့နှလုံးသားသူ့ကိုပေးလို့ရရင်တကယ်ပေးချင်ပါတယ်"

"ဒါပေမဲ့ သူ့ကိုမချစ်လာနိုင်ဘူးဆိုတာကိုလဲသိ‌ေနတယ်ပေါ့ဟုတ်လား"

"ရှင်က အချစ်ရေးအချစ်ရာကိုတော်တော်သိတာပဲ "

"ဟုတ်တယ်လေ ကိုယ်က စီးမင့်ရှန်းကျွန်းနဲ့ရင်းနှီးလို့ သူ့နားက လူ့လောကရဲ့မလည်ရှုပ်ဇတ်ထုတ်တွေကို နှစ်ပေါင်းတစ်သောင်းထက်မနဲကြားဖူးထားလို့ နားရည်ဝနေပြီးသား ဒါကြောင့် မင်းပြောတာကို ပြောလိုက်တာနဲ့နားလည်နိုင်‌တာပေါ့"

"ဟုတ်လောက်ပါတယ် ရှင်အရမ်းစပ်စုတယ်ဆိုတာ ကျွန်မခံစားမိပါတယ်"

သူမကို တွေ့တာနဲ့အပြစ်ပေးဖို့ပဲ စဉ်းစားနေတဲ့ မိုးကြိုးနတ်ဘုရားရိရန်မှာလဲ ဒီလိုနွေးထွေးတဲ့ဘက်ခြမ်းရှိတယ်ဆိုတာ သူမ မတွေးခဲ့ဖူးဘူး

သူက ထင်‌သလောက်တော့ မဆိုးတဲ့ပုံပါပဲ

သူမ နဲ့ ရိရန် ဆက်ပြောဖို့ စကားစပြတ်သွားတုန်း ဟေးလုံထွက်လာကာ

"ဘုရင်မကို အရှင်ကရှာနေပါတယ်"

"ကောင်းပြီ"

ရီနာနာ အတွင်းခန်းထဲဝင်သွားတော့ ဟေးလုံက အမည်မဖော်လိုတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး သူပါလိုက်ဝင်သွားခဲ့တယ်

သိသိသာသာကို မကြိုဆိုတဲ့အကြည့်ကို ရိရန်က မသိပဲနေမလား

ဒါကြောင့် ‌မနိုင်သလို ခေါင်းခါရမ်းလိုက်ကာ ရေနွေးကိုကောက်မော့လိုက်လေတယ်

အတွင်းခန်းမှာတော့

ရေဘုရင်က အိပ်ယာပေါ်လှဲလျှက် အနဲငယ်သက်သာလာပုံပေါက်နေပြီး ရီနာနာကိုငေးကြည့်နေလေတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now