အပိုင်း(88)uni&zgi

392 23 0
                                    


The Lengend of the blue sea

အပိုင်း(88) မားးးးးး

သူမမြင်ခဲ့တဲ့အတိုင်းဆို သုံးဘုံဟာလုံးဝပျက်စီးသွားမှာမဟုတ်ဘူးလား

လီဝမ်က သူ့ဇန္ီးကိုရင်ခွင်ထဲဆွဲထည့်လိုက်ရင်းမှ

"အတတ်နိုင်ဆုံးပဲတားကြည့်ကြတာပေါ့ကွာ ဘုရားက ဒီလိုသတ်မှတ်ထားပြီးသားဆိုတော့လဲ ကိုယ်တို့ကဘယ်တတ်နိုင်မှာလဲ "

"အင်း ဘယ်သူမှ မထိခိုက်သွားရင်ကောင်းမှာပဲ "

"ဟုတ်တယ် အလကားနေရင်းရင်လေးနေမိတယ် "

"သူများကိုသာပြောနေတာ မင်းလေးအလှည့်တုန်းကလဲ အရမ်းသောင်းကျန်းခဲ့တာပဲမဟုတ်လား "

"မတတ်နိုင်ဘူးလေ အဲ့အလောင်းတပ်သားတွေက ကျွန်မတို့လူတွေပါ သရဲလိုလိုနတ်ဆိုးလိုလိုဖြစ်အောင်လုပ်နေတာလေ "

"အဲ့တုန်းကလဲ အနီရောင်နမိတ်ပဲမဟုတ်လား"

"ဟုတ်တော့ဟုတ်ပေမဲ့ ဒီတခါကပိုပြီးပြင်းထန်မယ်လို့ထင်တယ် ဂိုဏ်းကိုအကူအညီတောင်းထားလိုက်ရင်ကောင်းမလား ဟင်?"

"စိတ်အေးအေးထားပါကွာ အားလုံးကသူ့ဟာနဲ့သူအဆင်ပြေသွားမှာပါ"

"ကျွန်မချစ်တဲ့သူတွေကိုတော့ တကယ်မထိခိုက်စေချင်ဘူး "

"အဲ့လောက်လဲစိုးရိမ်မနေပါနဲ့ ကဲ ကဲ အိပ်တော့ မနက်ဖြန်လဲ ဧည့်သည်တွေအတွက် ပြင်ဆင်ပေးရဦးမှာမလား"

"အင်း"

မော့ဟွားက လီဝမ်ရဲ့ရင်ခွင်ထဲဝင်ကာ စဉ်းစားနေခဲ့တယ် သက်ပြင်းချလိုက်စဉ်းစားလိုက်ပေါ့

လီဝမ်လဲ မော့ဟွားကို ငုံ့နမ်းလိုက်ရင်း  မျက်မှောင်ကြုတ်ကာ သူမလိုပဲစဉ်းစားနေခဲ့တယ်

သူ့မိန်းမကို ချော့‌ေမာ့‌လိုက်ပေမဲ့ တကယ်တော့ ဘယ်သူမှစိတ်ထဲပေါ့ပါးမသွားပါဘူး

ဘာလို့လဲဆိုတော့ သုံးလောကမှာအကြီးမားဆုံးအရာဖြစ်လာ‌တော့မှာမို့လို့ပါပဲ

ဒါပေမဲ့ ဘုရားကလွတ်လမ်းတခုလောက်တော့ချန်ထားပေးနိုင်ကောင်းပါရဲ့လို့ပဲ အကောင်းဘက်ကိုကျိတ်မှိတ်တွေးရတော့တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now