အပိုင်း(84)uni&zgi

406 31 0
                                    

Moe yanant thin 080:
The Lengend of the blue sea

အပိုင်း(84)

ဘာမှမသိတဲ့အဖြူထည်ဆိုတော့ လွယ်လွယ်ကူကူပဲ ‌အရောင်စွန်းသွား‌ေတာ့တာပေါ့ သူမပေါင်များကိုကားထားပြီး ကြီးမားတဲ့နဂါးကြီးနဲ့အကြိမ်ပေါင်းများစွာ ထုံနေအောင်လေ့ကျင့်ခြင်းခံရလို့ နောက်ဆုံးတော့ သူမဟာအချစ်နဲ့ကာမကိုတောင် မခွဲခြားတတ်တော့ဘူး

သူမသာသိတယ်ခံစားတတ်တယ်ဆိုရင် ဒါဟာ အချစ်မဟုတ်ပဲ လေ့ကျင့်ခံနေရတယ်ဆိုတာကိုသိခဲ့မှာပေါ့

ဒါပေမဲ့လဲ ဘယ်သူကမှ ပြောပြမဲ့သူမရှိခဲ့လေတော့ သူမဟာ သာယာမူ့အဟုန်ကြားနစ်မြုတ်သွားတော့တယ်

ညတိုင်းညတိုင်း သူမအိပ်ရာပေါ်ကိုရောက်လာတဲ့နတ်သူငယ်လေးတပါးကြောင့် သူမဟာ သူ့ကိုချစ်ချင်လာပြီး အဲ့အတွက်စွန့်စားခဲ့ပါတော့တယ်

သူမဘယ်လောက်တောင်အလိုက်သလဲဆိုတာ သူမအချိန်နှောင်းပြီးမှသိလိုက်ရတယ်

"သူမနားမှာကလေးရှိလာရင် အဲ့ကလေးက ခမည်းတော်အတွက်ဆေးသက်သက်ပဲ သူမကိုမထိပါနဲ့"

"မင်းကို‌ဘာကြောင့် အဲ့မိန်းကလေးနားလွှတ်ထားလဲဆိုတာသတိရပါ မမေ့စေနဲ့"

"သားတော် အဲ့ကိုရည်ရွယ်ချက်ဆိုးဆိုးဝါးဝါးနဲ့သွားတယ်ဆိုတာ ဝန်ခံပါတယ် ပြီးတော့ သူမနဲ့ကလေးရအောင်လုပ်ခဲ့တယ်ဆိုတာလဲဝန်ခံတယ် ဒါပေမဲ့ ခမည်းတော်က သားရဲ့လမ်းကိုလာပိတ်နေတာပဲ သားတော်ရဲ့အစီအစဉ်တွေမဖြစ်မြောက်လာခင်ဘာမှလာမနှောင့်ယှက်ပါနဲ့ "

"သူမပြန်ချစ်တတ်သွားရင် လောကသစ်ပင်ကပျက်စီးသွားလိမ့်မယ် ဒါမှမဟုတ် မင်းကိုချစ်ခွင့်ရဖို့သူမဘာမဆိုလုပ်လာနိုင်တယ် "

့"အဲ့လိုဖြစ်လာရင် သားတော်ကိုယ်တိုင် သူမရဲ့နှလုံးသားအသစ်ကိုဆွဲထုတ်ပေးပါမယ် "

"ကောင်းပြီ မင်းပြောတာနော် သားတော် မင်းရဲ့စကားတည်ပါစေ "

သူမ ဘာတွေကြားလိုက်ရတာလဲ သူမကိုအသုံးချပြီး သူမရဲ့ကလေးကိ‌ုဆေးလုပ်ချင်နေတာက သူမချစ်ခဲ့တဲ့သူလား

သူ့အတွက်နဲ့ သူမရဲ့ရင်ဘတ်ကိုဒုတိယအကြိမ်ဆွဲဖွင့်ပြီး နှလုံးသားကိုပြန်တပ်ဆင်ခဲ့တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now