အပိုင်း(77)uni&zgi

410 26 1
                                    


The Lengend of the blue sea

အပိုင်း(77) ကျောက်စိမ်းထံမှရရှိလိုက်သောမိခင်မေတ္တာအငွေ့အသက်များ

ပြီးတော့ ဝိုလျန်းကျဲက သူ့သမီးပြန်တွေ့သွားပြီလားလဲမသိဘူး

သူမ အပေါင်းအဖော်တွေကိုလွမ်းလာတာကြောင့် ဝိုလျန်းကျဲပေးခဲ့တဲ့ကျောက်စိမ်းတဝက်ကိုထုတ်ပြီးလက်နဲ့အသာပွတ်သပ်နေလိုက်တယ်

အဲ့ခနမှာပဲ သူမလက်ထဲကို နွေးထွေးမူ့တစမြင်လိုက်ရပြီး ဗြန်းးခနဲဆို စိတ်အာရုံအပိုင်းအစသေးသေးလေးကိုလဲတွေ့လိုက်ရတယ်

"သမီးလေးက ချစ်စရာကောင်းလိုက်တာ ကြည့်ပါဦး နောက်ထပ်လော်ပေါ်(မုန်လာဥ)လေးတလုံး"

အာ ဝိုလျန်းကျဲပဲ

"ဟုတ်ပ သမီးလေးကချစ်စရာကောင်းလိုက်တာ "

ဒါက လီယူရီကောပဲ

"ရှောင်လောပေါ်လေးဘယ်မှာလဲ အိုးးး သားညီမလေးကအရမ်းကိုချစ်ဖို့့ကောင်းတာပဲ "

အာ ဒီတစ်ယောက်ကိုတော့မသိဘူး ဖြစ်နိုင်တာက အဲ့ကလေးလေးရဲ့အကိုဖြစ်မယ်နဲ့တူတယ်

မြင်ကွင်းကချစ်ဖို့ကောင်းပြီးကြည်နူးစရာကောင်းတယ်

သူမ ဘယ်တော့မှမရရှိဖူးတဲ့မေတ္တာတွေပဲ

အဲ့နောက်တော့မြင်ကွင်းက ‌ေနာက်တခုကိုပြောင်းသွားပြန်တယ် 

"ရှောင်လော်ပေါ်လေး "

"မဟုတ်ပါဘူးဆို"

"ရှောင်လောပေါ်လေး"

"မဟုတ်ဘူးလို့  "

မောင်နှမ‌နှစ်ယောက်စနောက်နေကြပုံက ကြည်နူးစရာကောင်းသလို ရှောင်လောပေါ်လေးရဲ့စိတ်ဆိုးနေတဲ့မြင်ကွင်းကပိုလို့ရယ်မောမိစေတယ်

အကိုလုပ်တဲ့သူက ညီမဖြစ်သူကို တမင်စနောက်နေပြီးတော့ နေတဲ့ပါးလေးတွေကိုဆွဲရတာကိုအကြိုက်တွေ့နေလေတယ်

"မရဘူး မရဘူး မားနားကို နောက်တ‌ယောက်မွေးခိုင်းမှရတော့မယ် "

လုံးတုံးတုံးလေးပြေးသွားတဲ့ ညီမဖြစ်သူကိုကြည့်ကာရယ်နေတဲ့အကိုဖြစ်သူက ချစ်ခြင်းမေတ္တာတရားအပြည့်ပဲ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now