အပိုင်း(7) uni

1.2K 92 1
                                    

🌿The legend of the blue sea

အပိုင်း(7)တိုင်တန်ခရင်းခွရဲ့လှုပ်ရှားမူ့

နာကျင်မူ့ကြောင့် သူမရဲ့တိတ်ခါစမျက်ရည်တွေလဲအပြည့်ပြန်ဖြစ်လာပြီး ဒီတခါပုလဲလေးတွေကအနီရောင်အဖြစ်ပြောင်းသွားခဲ့တယ်

အဲ့ဒါကိုမြင်လိုက်တဲ့ရေဘုရင်ကလဲ အရမ်းကိုစိုးရိမ်သွားတော့တာပေါ့

ပုလဲနီ ....

နာကျင်လွန်းလို့သေလုမတတ်ဖြစ်နေမှ ရေသူမလေးတွေရဲ့မျက်ရည်ဟာ အနီရောင်ကိုပြောင်းတတ်ကြတယ်

ရေဘုရင်လဲချက်ချင်းစိုးရိမ်တကြီးဖြစ်လာပြီး သူမကိုပွေ့လိုက်ကာ ထိုနေရာမှပျောက်ကွယ်သွားတော့တယ်

"ဟေးလုံ....ဟေးလုံ...."

သူ့ရဲ့အော်သံဟာ ချက်ချင်းလိုလို နဂါးနက်ရဲ့နေရာမှာပျံ့နှံ့သွားခဲ့တယ်

ဆေးဖော်တာကိုအာရုံစိုက်ထားတဲ့နဂါးနက်လဲ အလွဲလွဲအမှားမှားဖြစ်ပြီး သူ့ရဲ့အားထုတ်မူ့လေးက ရေဘုရင်ရဲ့အော်သံကြောင့် သဲထဲရေသွန်ဖြစ်သွားခဲ့လေရဲ့

"နာနာဘာဖြစ်တာလဲမသိဘူး"

သေလုမျောပါးဖြစ်နေပြန်တဲ့ အနှီရေသူမကိုကြည့်လိုက်ပြီး နဂါးနက်စိတ်လေသွားခဲ့တယ်

အသံတိတ်ဆဲရေးလိုက်ချင်ပေမဲ့ ရေဘုရင်ရဲ့စိုးရိမ်တကြီးအမူအယာနဲ့အတူ ရဲရဲတောက်နေတဲ့ပုလဲနီတွေကိုပါတွေ့လိုက်ရတော့ နဂါးနက်ခမျာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တယ်

နာကျင်ပေမဲ့လဲ အံကြိတ်ကာတချက်လေးတောင်မငြီးငြူတဲ့ ထိုရေသူမက နာကျင်မူ့ကိုအသားကျနေသလို ကျိတ်မှိတ်ခံနေတယ်

အရင်ကကုသမူ့ခံယူခဲ့တဲ့နေရာမှာပဲ သူမကိုတစောင်းလှဲလျောင်းစေပြီး ကျောပြင်ကိုစစ်ဆေးကြည့်လိုက်တော့ နဂါးနက်လဲ ဘာပြောရမှန်းမသိစွံ့အသွားခဲ့လေရဲ့

"ဒါ ဒါက "

ရေဘုရင်ရဲ့စိုးရိမ်နေတဲ့မျက်နှာဟာ နဂါးနက်ရှေ့မှာရုတ်တရက်ပေါ်လာခဲ့တယ်

"ဘာလဲ ဘာလဲ ဘာဖြစ်တာလဲ"

"အာ အဲ့ဒါက ကျွန်တော်မျိုးအထင် တောင်ပံတွေထုတ်ဖို့ကြိုးစားနေတာလို့ထင်တယ်"

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now