အပိုင်း(106)uni&zgi

420 18 2
                                    


The Lengend of the blue sea

အပိုင်း(106)

ချင်းနန်မြို့သူမြို့သားတို့ အဓိကလုပ်ကိုင်ကြတာ‌ကတော့ ရေလုပ်ငန်းပေါ့ သူတို့ဆီမှာ ရေထွက်ကုန်ပစ္စည်းတွေရပြီး တောင်တွေဘက်က ‌ဆင်းလာတတ်တဲ့ကုန်သည်တွေရဲ့အဓိကပစ်မှတ်လဲဖြစ်လို့ မြို့တမြို့နီးပါးကျယ်ဝန်းတဲ့အပြင် လူလဲအလွန်စည်ကားလေတယ်

တနေ့တော့ အဲ့‌လိုအေးချမ်းတဲ့မြို့လေးကို ယောင်လည်လည်ဖြစ်နေတဲ့အချစ်နတ်ဘုရားမက မျက်စိလည်လမ်းမှားပြီးရောက်လာတော့တယ်

ရီနာနာ အဲ့မြို့ထဲကိုဝင်လိုက်တာနဲ့ သူမလက်ကိုဝှေ့ရမ်းလိုက်ကာ အကာအကွယ်အလွှာတခုဖန်ဆင်းလိုက်ကာ သာမန်မြို့သူမြို့သားတွေကိုကာကွယ်ပေးလိုက်တယ် ဆိုးယုတ်တဲ့စိတ်ရှိတဲ့သူဟာ ဒီထဲဝင်လိုက်တာနဲ့ အလွန်တရာမှပူလောင်လာလိမ့်မယ် ရေှ့ဆက်တိုးရင်တော့ပျက်စီးသွားမှာအသေအချာပဲပေါ့

သူတို့ဆီကိုနတ်ဘုရားမတပါးရောက်လာတာကိုမသိတဲ့မြို့ငယ်လေးကတော့ မနက်ခင်းမှာ ဆူညံပွက်လောရိုက်နေပြီး အရင်ကနဲ့မခြားစည်ကားလို့နေတယ် ရီနာနာက ပင်လယ်နဲ့နီး‌တဲ့ကုန်းမြေတခုကိုရွေးလိုက်ပြီး လက်ဝှေ့ရမ်းလိုက်ကာ နေချင်စဖွယ်အိမ်လေးတလုံးကိုဖြစ်စေလိုက်တယ် ဒီနေရာမှာ နောက်ထပ်နှစ်ပေါင်းတထောင်ထပ်စောင့်မယ် သူမမျော်လင့်ထားတာတွေဖြစ်မလာရင်တော့ သူမရဲ့အသိစိတ်ကိုဒီနေရာမှာချန်ပြီး နောက်တနေရာကိုထပ်သွားမယ်

လှိုင်းသံတဝုန်းဝုန်းကိုကြားလိုက်ရတော့ မော့ကျန်းဟိုအဖြစ် သူမနားရှိနေခဲ့ပေးတာကိုသတိရလိုက်တယ်

သဲတွေကိုကြည့်မိပြန်တော့ စီမာချင်းဖန်းအဖြစ်စောင့်ရှောက်ပေးခဲ့တာကို‌ေတွးမိပြန်တယ်

အဝေးတနေရာမှာ ပင်လယ်ထဲ ထိုးစိုက်နေသလို လျှပ်စီးတွေတွေ့ပြန်တော့ ရိရန်ကိုလွမ်းဆွတ်မိပြန်ရော

သူမ သက်ပြင်းချကာ အကြည့်ရွေ့လိုက်တော့ သူမချစ်ခဲ့မုန်းခဲ့ဖူးတဲ့ပေ့ထန်အကြောင်းတွေးမိပြန်တယ်

အားလုံးက သူတစ်ယောက်ထဲပဲ သူမဘေးမှာ ဘယ်လိုဇတ်ရုပ်‌နဲ့ပဲဖြစ်ပါစေ သူမကိုချစ်ပေးတယ် ဂရုစိုက်ပေးခဲ့တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now