[ 1 ]

22.7K 2.3K 164
                                    

[Unicode]

အရည်အသွေးမြင့်မွှေးရနံ့နဲ့ ဟိုလိုလိုသည်လိုလို လိင်မကွဲပြားတဲ့ရနံ့တို့ ရောထွေးနေကြတယ်။ ရုန်ချင်း တစ်စက္ကန့်လောက် ရှုရှိုက်ကြည့်ချိန်မှာ စိတ်ပျက်စရာကောင်းလွန်းလို့ ဖျတ်ခနဲ မျက်လုံးဖွင့်လိုက်တယ်။

သူ့မျက်လုံးဖွင့်လိုက်တဲ့အခါ မြင်လိုက်ရတာက ကြောက်လန့်ပြီး ထခုန်မိတော့မတတ်ပဲ!

လူသတ်လို့ရလောက်အောင် ချွန်ထက်နေတဲ့ မေးစေ့နဲ့ ဖြူဖျော့ဖျော့မျက်နှာလှလှနဲ့ ကောင်လေးတစ်ယောက်, မျက်ရည်လည်ရွှဲနဲ့ သူ့ကို မှီဖို့ကြိုးစားနေတယ်။

"ဝေးဝေးနေစမ်း!"

ခပ်ကျယ်ကျယ်‌ အော်လိုက်ပြီးတဲ့နောက် ရုန်ချင်း တစ်ဖက်လူရဲ့အနံ့ကို ချက်ချင်းမှတ်မိသွားတယ်။ ဒါက ဟိုမရောက် သည်မရောက် လိင်မကွဲတဲ့အမွှေးနံ့ပဲ!

ထိုကောင်လေးလှလှက ချက်ချင်းလန့်ဖျပ်သွားပြီး မျက်ရည်တွေ အိုင်ထွန်းလောက်အောင် ထပ်ကျလာပြန်ပြီ!

ဘုရားရေ, ဒီကောင်လေးလှလှကို ရေတွေနဲ့ ဖန်တီးထားတာများလား?

ရုန်ချင်း စိတ်ထဲမှာကျိန်ဆဲလိုက်ပြီး သူ့ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တော့ သူ ချက်ချင်း မျက်မှောင်ကြုပ်မိသွားတယ်။

ဒါက.... ဘယ်လိုတောင် ရှုပ်ပွနေတဲ့ နေရာပါလိမ့်?

ဒါက ရုပ်ရှင်ရိုက်ကွင်းတစ်ခုဖြစ်လောက်တယ်။ ရှုပ်ပွနေတဲ့ပစ္စည်းတွေက ကြမ်းပြင်ပေါ်မှာ ဟိုတစ်စ သည်တစ်စနဲ့။ ရိုက်ကူးရေးစက်ကိရိယာတွေနဲ့ အဝတ်အထည်တွေ.... သူ ဆံပင်တုတောင် မြင်လိုက်သလားလို့?

ပြီးတော့ လက်ရှိ သူ့ရှေ့မှာ လူနှစ်ယောက် ရပ်နေလေတယ်။

တစ်ယောက်က မေးချွန်ချွန်နဲ့ ဖြူဖျော့ဖျော့ကောင်လေးလှလှတစ်ယောက် , နောက်တစ်ယောက်က.....

ရုန်ချင်း လေထဲကမွှေးရနံ့ကို ခပ်ဖွဖွရှူကြည့်လိုက်တယ်။ သူ့အကြည့်တွေက ကောင်လေးလှလှရဲ့နောက်မှာ မတ်တပ်ရပ်နေတဲ့ ဝံပုလွေပေါက်လူငယ်လေးဆီ ရောက်သွားတယ်။

မွှေးရနံ့ကောင်းကောင်းလေးက ထိုကောင်လေးကိုယ်ထဲကနေ ထွက်လာပုံပဲ။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now