[ 3 0 ]

9.1K 1.7K 96
                                    

[Unicode]  

ရုန်ချင်းတစ်ယောက် သူ့စံအိမ်ဆီ ဘယ်လိုဘယ်လို ပြန်လာမိမှန်းတောင် မသိတော့ပေ။

ဘာပဲဖြစ်ဖြစ် သူ ပြန်ရောက်လာပြီ။

သူ အိမ်ပြန်ရောက်တာနဲ့ ပထမဆုံး လုပ်လိုက်တဲ့အရာက သူ့ကိုယ်သူ စောင်ပုံထဲ တိုးဝင်ပစ်လိုက်တာပဲ။

-------

သေစမ်း!

ဒီစောင်တွေက ဘာလို့ သောက်ရမ်းပူနေရတာလဲ?!

ခပ်ကြမ်းကြမ်း ကန်ထုတ်ပစ်လိုက်ပြီး ပိုးစောင်ကို လှမ်းဆွဲကာ ပိုးကောင်လုံးနှယ် ထွေးပတ်ပစ်လိုက်တယ်။

သူ မီးလောင်သလို ပူနေတုန်းပဲလို့။

သူ့အသက်ရှုသံတွေ ရေနွေးငွေ့တွေလို ဖြစ်နေပြီး သူ့အသားအရေတွေက အပူလှိုင်းတစ်ခုနှယ် ပွက်ပွက်ဆူနေသလို ခံစားနေရတယ်။ ဆံပင်ကို ဘေးကို သပ်ပစ်လိုက်ပေမဲ့လည်း သူ့ခေါင်းတစ်ခုလုံး အနည်းငယ် မူးဝေနေတယ်လို့တောင် တွေးနေမိတယ်။

သူ အရက်မူးနေတာဖြစ်မှာပါ။

ရုန်ချင်း တွေးလိုက်တယ်။

အဲ့လိုမှ မဟုတ်ရင် လင်းကျီပြောလိုက်တဲ့ စကားကိုပဲ ဘာလို့ ထပ်ခါထပ်ခါ တွေးနေမိမှာလဲ?

အသက်ပြင်းပြင်းရှုရင်း ရုန်ချင်းတစ်ယောက် လင်းကျီရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ပုံပါသော ခေါင်းအုံးထဲ သူ့မျက်နှာတစ်ခုလုံးကို ခပ်နက်နက် မြှုပ်ထားမိတယ်။

အားးးးးးးးးးးးးး!

တစ်ယောက်‌ယောက် ငါ့ခေါင်းကို လာရပ်ပေးကြပါ အားးး!!!

အိပ်မောကျနေတဲ့ လင်းကျီအကြောင်း မတွေးနဲ့တော့လို့! လင်းကျီအိပ်နေတဲ့အကြောင်း မတွေးပါနဲ့တော့လို့ဆို!!

ပြီးတော့ ချစ်သူကောင်လေး , ယောက်ျား , အထက်ပုဂ္ဂိုလ် , အားလုံး ရပ်! ရပ်ကြစမ်း!!

အနောက်ပိုင်းကို လျိူ့ဝှက်ဆန်းကြယ် ချိတ်ပိတ်ထားတာကို မမေ့နဲ့စမ်း!

ရုန်ချင်းတစ်ယောက် လျို့ဝှက်ဆန်းကြယ်ချိတ်ပိတ်အကြောင်း တွေးမိလိုက်တာနဲ့ သူ စိတ်ဓာတ်ကျနွမ်းလျသွားရတော့တယ်။ သူ့ခန္ဓာကိုယ်ပေါ်မှ အပူများလည်း တစ်ဝက်လောက် ကျဆင်းသွားရတယ်။ ဒီဖရိုဖရဲအတွေးများမှ သူ့ကိုယ်သူ လွတ်မြောက်သွားနိုင်မယ့် တစ်ခုခုကို ရှာဖို့ စဉ်းစားနေတုန်းရှိသေး ဖုန်းမြည်လာခဲ့တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now