[ 9 5 ]

5.2K 1.1K 80
                                    

[Unicode]

ကောင်းအိုကြီးက တစ်ခုခု ထပ်ပြောချင်နေသေးပေမဲ့ ကောင်းကျားရွှမ် အေးစက်စက် ရယ်ပြီး လက်ချောင်းတွေကို ဝေ့ယမ်းပြလိုက်တယ်။ ဘေးမှာ သတို့သားအရံတွေလို ဝတ်ဆင်ထားတဲ့ suitနဲ့ အမျိုးသားတစ်ချို့က တကယ်တမ်း ဗလတောင့်တောင့် သက်တော်စောင့်တွေ ဖြစ်နေပြီး ချက်ချင်းပဲ စင်ပေါ်ကို ပြေးတက်လာကြလေရဲ့။

ကောင်းအိုကြီး ထိတ်လန့်သွားတယ် :: "မင်း မသိတတ်လိုက်တဲ့သား မင်း ဘာလုပ်ဖို့ ကြံနေတာလဲ?"

ကောင်းကျားရွှမ်တစ်ယောက် ကြော့ကြော့မော့မော့ ပြုံးပြလိုက်တယ် :: "ဘာမှမလုပ်ပါဘူး။ အခု ဒီနေရာက ကျွန်တော့်ရဲ့ စားသောက်ဆိုင် ဖြစ်သွားပြီ။ ပြီး‌တော့ ကျွန်‌တော် လုံးဝ မမြင်ချင်တော့တဲ့ ဧည့်သည်တစ်ချို့ ဒီမှာ ရှိနေသေးတယ်လေ။"

သူ ထိုသက်တော်စောင့်တွေကို အကြည့်တစ်ချက် ပေးလိုက်တယ်။ သက်တော်စောင့်တွေကလည်း ချက်ချင်း ရှေ့တိုးလာပြီး ကောင်းအိုကြီး၊ ဘိသိက်ဆရာနဲ့ သတို့သမီးတို့ကို စင်အောက်ဆီ အတူတူ သယ်ခေါ်သွားတော့တယ်။

စင်ပေါ်မှာ ချက်ချင်း ရှင်းလင်းသွားတယ်။ နောက်‌ဆုံးတော့ ဒီပွဲကြီးလည်း ပြီးသွားခဲ့ပြီ။ ကောင်းကျားရွှမ် အသက်ပြင်းပြင်း ရှုပြီးတာနဲ့ စင်ပေါ်ကနေ တည်တည်ငြိမ်ငြိမ် ခုန်ဆင်းလိုက်တယ်။

"CEOရုန် မင်းတို့တွေ လာပေးလို့ ကျေးဇူးပဲကွာ" စင်ပေါ်က ဆင်းပြီးတာနဲ့ ကောင်းကျားရွှမ်တစ်ယောက် ရုန်ချင်းစားပွဲဆီ ဦးတည်သွားတော့တယ်။

ဘာရယ်? ဒီလူအိုကြီး အခုထက်ထိ မသိတတ်တဲ့သားလို့ အော်ဟစ်နေတုန်းလား? ဘယ်သူ ဂရုစိုက်လဲ။ သတင်းစာထဲ သူ လူသိထင်ရှား ပြန်ကြေညာလိုက်ရင် ဒီလူအိုကြီး သေချာပေါက် ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး။ သူ့အမေသာ စောစော မဆုံးခဲ့ရင် ဒီအဖိုးကြီး အမေ့ရဲ့ တစ်လင်တစ်မယားအမှုနဲ့ ‌တရားစွဲတာ သေချာပေါက် ခံရအုံးမှာ။

ရုန်ချင်းကတော့ စောနကအတိုင်း သူရဲကောင်းဟန်ပန်နဲ့ ပို့စ်ပေးရင်း မတ်မတ်ကြီး ရပ်နေတုန်းပဲ။ မျက်တွင်းတအားချောင်နေတာတောင်မှ တက်ကြွလန်းဆန်းနေပုံရတဲ့ ကောင်းကျားရွှမ်ကို သူ ကျစ်တစုပ်စုပ် စိုက်ကြည့်နေလိုက်တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now