[ 7 2 ]

7.4K 1.5K 74
                                    

[Unicode]

ထို့နောက် လင်းကျီက မျက်လွှာချကာ သူ့စိတ်ခံစားချက်တွေကို ပြန်လည်ဖုံးကွယ်ထားလိုက်တယ်။

အခုက အချိန်မကျသေးဘူး။ သူ တွေးနေခဲ့တယ်။ အနည်းဆုံးတော့ ဒီနေရာမှာ မဖြစ်ဘူး။ သူ ရုန်ချင်းကို ပြဿနာတက်စေလို့ မဖြစ်ဘူး။

ဒီနေရာက လှုပ်ရှားမှုတွေအားလုံးက တခြားသူများရဲ့ အာရုံကို အစောတည်းက ဖမ်းစားထားတာ။ ခဏတစ်ဖြုတ် ဟယ်ချန်က ပဲချိုလေးကို စင်ပေါ်က အလုပ်အမှုဆောင် တစ်ယောက်ထံ ကမ်းပေးလိုက်တယ်။ ထိုလူက ပဲချိုလေးကို ချက်ချင်း လက်ခံယူပြီး ချီထားရမယ့် တာဝန်ဝတ္တရားအပေါ် စိတ်ခံစားချက် ပြည့်ဝနေလေတယ်။

သူလေးက ပဲချိုလေး! လက်ထောက်ချုပ်ဟယ်ရဲ့ အချစ်တော်ကြောင်လေး! ကုမ္ပဏီတစ်ခုလုံးက လိုချင်တပ်မက်နေတဲ့ ကြောင်လေး!

အားးး! သူ တကယ် တစ်ချက်လေး မွှေးကြည့်ချင်တယ်!

စင်အောက်သို့ ဆင်းနေရင်း ဟယ်ချန်တစ်ယောက် ထိုလူကို သတိပေးတဲ့အကြည့်တစ်ချက် ပေးလိုက်တယ်။ မူလက ပဲချိုလေးရဲ့ အမွေးနုနုထဲ မျက်နှာနှစ်ပြီး မွှေးကြူကြည့်ဖို့ ကြံရွယ်နေတဲ့ ထိုလူခမျာ ချက်ချင်း အေးခဲတောင့်တင်းသွားတော့တယ်။

(╥﹏╥) လက်ထောက်ချုပ်ဟယ်က တကယ်ကို နှလုံးသားမဲ့လှပါပေတယ်။ ပဲချိုလေးကို တစ်စက္ကန့်လောက် နမ်းကြည့်ချင်ရုံနဲ့ ဘာဖြစ်သွားမှာကျလို့ !

ဟယ်ချန်က စင်အောက်သို့ ဆင်းသွားပြီး လျှောက်လမ်းတစ်လျှောက်က လုံခြုံရေးတွေကို ‌ခေါ်လိုက်တယ်။ သူ ‌ရုန်ချင်းရှေ့ လျှောက်သွားပြီး  နှိမ့်ချရိုသေလေးစားသော အသံဖြင့် "Bossဗျ ဒီမှာ ဘာဖြစ်နေတာလဲဆိုတာ ပြောပြနိုင်မလား? Boss ကျွန်တော့်ကို ဖြေရှင်းစေချင်လား?"

သူ ပြောလို့ပြီးတော့ နားလည်သွားတဲ့ အကြည့်နဲ့ "အန်မိန်းကလေး၊ ခင်ဗျား ကိုယ့်ခုံမှာကိုယ် ဘာလို့ မထိုင်ရတာလဲ? ကျွန်တော်တို့ရဲ့ ဂရုစိုက်မှုက မလုံလောက်သေးလို့လားဗျ?" ဟယ်ချန်က တစ်ခုခုကို သဘောမပေါက်သလို ခေါင်းစောင်းကြည့်လိုက်တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now