[ 8 4 ]

5.3K 1.1K 76
                                    

[Unicode]

အန္တရာယ်များချက်ပဲဟေ့!

ရုန်ချင်းတစ်ယောက် ရုတ်တရက် အန္တရာယ်များတဲ့ ခံစားမှုမျိုးကို ရလိုက်တယ်! တအားဆိုးရွားတဲ့ ခံစားချက်မျိုး ရနေတယ်လို့ !

သူ ဘယ်လိုလုပ်သင့်လဲ?

ဒီအခိုက်အတန့်မှာပဲ သူ့ခေါင်းထဲ အန္တရာယ်များတဲ့ အတွေးတစ်ခု ဖြတ်ခနဲ ဝင်ရောက်လာတယ်!

သူ တကယ်ကြီး ဝံပုလွေပေါက်လေးနဲ့အတူ လက်ထပ်မှတ်ပုံတင်ချင်နေပြီလို့ !

.....ဖက်ခ်!

ပိုဆိုးတာက သူ အရှက်မရှိ ရင်တွေတုန် ဟတ်ထိသွားသေးတယ်!

ဝက်ဦးနှောက်! ရပ်လိုက်စမ်း!

ရုန်ချင်းတစ်ယောက် သူ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ နို့ခွက်ကို ကိုင်ကာ နောက်ထပ်နှစ်ငုံ့ ထပ်သောက်လိုက်တယ်။

မဖြစ်သေးဘူး၊ မင်း ဒီအကြောင်းကို ကောင်းကောင်းတွေးတောရမယ်! အလောမကြီးစမ်းနဲ့ ! ဝံပုလွေပေါက်လေးက အသက်၂၀တောင် မပြည့်သေးဘူးဟ! လက်ထပ်မှတ်ပုံတင်နိုင်ဖို့ နောက်ထပ်သုံးနှစ်ကြီးများတောင် ထပ်စောင့်ရအုံးမယ်!

¶စီလုတ်ပြည်မှာ အမျိုးသားတွေက (၂၂)နှစ်မှ လက်ထပ်မှတ်ပုံတင်နိုင်ပါတယ်¶

နောက်သုံးနှစ်ဆို! သေချာလေး စဉ်းစားကြည့်စမ်း! ရုန်ချင်းက အသက်၃၀ပြည့်သွားမယ်! သူသာ အဲ့အချိန်ထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရမယ်ဆိုရင် မြေကြီးထဲက ရေတွေကို စတင်စုပ်ယူရတော့မှာ!   ¶တအားကို ရေဆာ...အဟွတ်...လွန်းလို့ပါ¶

ဒီအချက်ကို တွေးမိတော့ ရုန်ချင်းက လင်းကျီဆီ အင်မတန် ပူဆွေးဝမ်းနည်းတဲ့ မျက်နှာထားဖြင့် လှမ်းကြည့်လိုက်တယ်။ သူ့ဆံပင်တွေကို အားလျော့စွာ ဆောင့်ဆွဲမိတယ်။

ဝံပုလွေပေါက်လေးသာ အသက်နည်းနည်းပိုကြီးခဲ့ရင် အိုင်းးး

သူ့မျက်နှာအမူအရာကို မြင်တော့ လင်းကျီတစ်ယောက် အန္တရာယ်အငွေ့အသက် ဖျော့ဖျော့လေး ရလိုက်တယ်။

ဘာတွေ...ဖြစ်သွားတာပါလိမ့်?

သူ ရုန်ချင်းကို စိုက်ကြည့်နေရင်း တဖြည်းဖြည်းချင်း စကားစလာတယ် :: "ခင်ဗျား အခု ဘာတွေးနေလည်း ကျွန်တော် မသိပေမဲ့...ခင်ဗျားအတွေးတွေကို တစ်ခန်းရပ်လိုက်တော့"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now