[ 7 4 ]

6.8K 1.4K 41
                                    

[Unicode]

လင်းကျီ ရုန်ချင်းကို ပြောတဲ့ 'သူ ဒီနေ့ အထူးတလည် ခွင့်ယူထားတယ်‌' ဆိုတာ ညာနေတာမဟုတ်ပါဘူး။ တကယ်တော့ သူ့ခံစားချက်တွေကိုလည်း နားလည်သွားပြီ၊ ပြီးတော့ သူ့ချစ်ရသူက ဖျားနေတာဆိုတော့ သူ ရိုက်ကွင်းဆီ ပြန်သွားဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး‌‌လေ။

သူ ဘယ်လောက်တုံးတုံး ဒီလောက်ထိတော့ မတုံးသေးပါဘူး။

ရုန်ချင်းက အကင်းပါးစွာ သတိပြုမိပြီး လမ်းခုလတ်မှာ လွတ်မြောက်သွားပေမဲ့လည်း လင်းကျီက အောင်အောင်မြင်မြင် ရှေ့တစ်လှမ်း တိုးနိုင်လိုက်ပြီး သူ့ချစ်ရသူလေးနဲ့ ထမင်းတစ်နပ် တူတူစားနိုင်ခဲ့တဲ့အပြင် ရုပ်ရှင်လည်း တူတူကြည့်လိုက်ရသေးတယ်။

နောက်တစ်နေ့မှာတော့ သူ ရိုက်ကွင်းဆီ ပြန်ကာ တက်ကြွလန်းဆန်းပြီး အင်အားအပြည့်ဖြင့် ရိုက်ကူးရေး စတင်တော့တယ်။ ပြီးရင် သူ့ကို စောင့်ဆိုင်းနေတဲ့ ဖြေရှင်းပေးရမယ့် ကိစ္စတစ်ခု ရှိနေတယ်လေ။

သူ ရုန်ကော်ပိုရေးရှင်းရဲ့ နှစ်ပတ်လည် partyမှာ ရုတ်တရက်ကြီး ပေါ်လာခဲ့တဲ့ ကိစ္စရဲ့ နောက်ဆက်တွဲကို ဖြေရှင်းရအုံးမယ်။ ထိုညအပြီးမှာ trendအဖြစ်ဆုံး လူတွေကတော့ အန်းရန်နဲ့ လင်းကျီပဲ။

အန်းရန်က ရုန်‌ကော်ပိုရေးရှင်းနာမည်နဲ့ ဖျော်ဖြေရေးလောကမှ လူများစွာကို ဆန့်ကျင်ခဲ့တယ်။ အခုတော့ သူ(မ) တန်ပြန်လက်စားချေခြင်းတွေကို ခံစားနေရပြီ။ ထိုနေ့ည အန်းရန် ပွဲပြီးလို့ အပြင်ဘက် ထွက်လာတော့ ကားပါကင်မှာ သူ(မ)ကို စောင့်ဆိုင်းနေတဲ့ ဗန်ကား မရှိတော့ဘူး။

ဖျော်ဖြေရေးလောက က လူများစွာက ဒီဖြစ်ရပ်ကို မြင်လိုက်ရတယ်။ တစ်ယောက်ယောက်က သတင်းကို ဖုံးဖိချင်ရင်တောင် မဖြစ်နိုင်တော့ပေ။ ချက်ချင်း ထုတ်ဖော်ခြင်း ခံလိုက်ရပြီ။

အန်းရန်တစ်ယောက် ယနေ့ထိ ရပ်တည်နေနိုင်တာက တည်ငြိမ်ရင့်ကျက်ပြီး အတွေ့အကြုံကြွယ်တဲ့ သူ(မ)အေးဂျမ့်ရဲ့ အုပ်ထိန်းမှု 80% ပါတယ်။ ဒါပေမဲ့ အခုတော့ သူ(မ) ပစ်ပယ်ခြင်း ခံလိုက်ရပြီမို့ အန်းရန်မှာ ချက်ချင်း ကြောင်အသွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်သွားလေရဲ့။ သူ(မ)ရဲ့ မဏ္ဍိုင်ကို ဆုံးရှုံးသွားတော့ အမှားတွေ တစ်ခုပြီးတစ်ခု လုပ်လာခဲ့တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now