[ 7 3 ]

7.4K 1.4K 81
                                    

[Unicode]

"ဒါဆို မင်း အခုဒီကို ဘာလာလုပ်တာလဲ?" နှစ်ကုန်report ဖိုင်တွဲအထပ်လိုက်ကြီးမှ ကောင်းကျားရွှမ်တစ်ယောက် နောက်ဆုံးတော့ ခေါင်းနည်းနည်းရွှေ့နိုင်ခဲ့ပြီ။ သူ့ရဲ့အာရုံကို ခွဲဝေပြီး အခုချိန်မှာ ရုန်ချင်းအတွက် စိုးရိမ်မှု ပြသပေးခြင်းက သူတို့ကြားထဲက သူငယ်ချင်းသံယောဇဉ်ရဲ့ အရေးပါမှုကို သိရှိစေဖို့ လုံလောက်သွားပြီ။

သူ့‌ဆိုဖာပေါ်မှာ ပျော့ခွေစွာ ထိုင်နေတဲ့၊ သူ့ရဲ့အကောင်းဆုံး အရည်အသွေးရှိတဲ့ လက်ဖက်ရည်ကို သောက်နေတဲ့၊ သူတောင် ဖွက်ထားပြီး ရံဖန်ရံခါမှ ခိုးစားတတ်တဲ့ သွားရည်စာမုန့်လေးတွေကို စားနေတဲ့၊ ဂိမ်းကို အသံမိုင်ကုန်ဖွင့်ပြီး ကစားနေတဲ့လူသားက ရုန်ချင်းမဟုတ်ဘဲ စုန့်ရှန်းသာ ဆိုလို့ကတော့...

အဲ့ကောင်စုန့်ရှန်း သေဖို့သာပြင်တော့! 

ကောင်းကျားရွှမ်တစ်ယောက် သူ့လက်ထဲက ဘောပင်ကို နှစ်ပိုင်းချိုးပစ်လိုက်တယ်။

ရုန်ချင်းက လက်နှစ်ဖက်လုံးဖြင့် ဖုန်းကို တတောက်တောက် နှိပ်နေပြီး သတိမမူမိစွာ "အကြောင်းရင်းမရှိဘူး။ မင်းနဲ့ မတွေ့ဖြစ်တာ ကြာလည်းကြာပြီ၊ အဲ့တာနဲ့ စိုးရိမ်ပြီး အလည်လာတွေ့တာ"

သူ ပြောလို့လည်းပြီးရော ကျယ်လောင်တဲ့ ငိုယိုသံကြီးက ဂိမ်းထဲမှ ထွက်လာခဲ့တယ်။ ရုန်ချင်းက ခေါင်းငုံ့ကြည့်ပြီး စိတ်ပျက်လက်ပျက် ညည်းညူလိုက်တယ် :: "အိုင်း ထပ်သေသွားပြန်ပြီ"

"အို့ သနားစရာပါလား?" ရုန်ချင်းတစ်ယောက် သူပြောတာကို သေချာနားမထောင်တာကို တွေ့တော့ ကောင်းကျားရွှမ်က မျက်နှာ‌သေဖြင့် သက်ပြင်းကြီးစွာချပြီး ရုန်ချင်းကို ရက်ရက်စက်စက် မောင်းထုတ်ဖို့ လုပ်တော့တယ် :: "မင်းလည်း ဒီတစ်ပွဲကစားပြီးပြီ ငါ့ဆီလည်း လာလည်ပြီးပြီဆိုတော့ CEOရုန်က အင်မတန် အလုပ်များနေတာမလား? အခုပဲ ပြန်တော့မယ်ဆိုရင်ရော? ငါ CEOရုန်ကို ဆက်ပြီးအနှောင့်အယှက် မပေးတော့ပါဘူး။ မင်း ဘယ်လိုပြန်ရမယ်ဆိုတာ သိတယ်မလား?"

မြန်မြန်ပြန်တော့! ငါ့လက်ဖက်ရည်ကို ချထား! ငါ့မုန့်တွေကို ချထား! ငါ့ဆိုဖာပေါ်ကနေ ထ! မင်းရဲ့ဂိမ်းကိုပါ အပါတည်း ယူဆောင်ပြီး ပြန်တော့! ဝေးနိုင်သမျှဝေးလေ ကောင်းလေပဲ!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now