[ 5 2 ]

7.6K 1.4K 174
                                    

[Unicode]

"ဒါဆို မင်းတို့တွေက မူချန်ကို သွားတွေ့ခဲ့ကြတာပေါ့လေ?" ရုန်ချင်း ကြားတဲ့အခါ လှိုက်လှိုက်လှဲလှဲ ရယ်မောပါတော့တယ် :: "ဟားဟားဟားဟား သူ စကားပြောလိုက်တယ် မဟုတ်လား? မင်းတို့တွေလည်း သူပြောတာကို ကြားလိုက်ရတယ်မလား?"

လင်းကျီက အပြုံးတစ်ပွင့်ကို ညှစ်ပြုံးလိုက်ပြီး "အမှန်ပဲ။ သူ စကားပြောလိုက်တယ်"

မူချန်လည်း စကားပြောပြီးရော ဆွေးနွေးညှိနှိုင်းပွဲ တစ်လျှောက်လုံးမှာ သူ နဲ့ ကောင်းနင်းတို့ စာချုပ်ကိစ္စ ဆွေးနွေးကြရင်း သူတို့ပေါင်တွေကို အသေဆိတ်ဆွဲထားရတယ်။ သူတို့နှစ်ယောက်လုံးရဲ့ ပေါင်မှာ ဆိတ်ဆွဲရလွန်းလို့ ဒဏ်ရာတောင် ဖြစ်သွားပြီ။

တကယ်....အရမ်း ခက်ခဲခဲ့တာ။

ပွင့်ပွင့်လင်းလင်း ပြောရမယ်‌ဆိုရင် မူချန်က တစ်ချို့သော နေရာတွေမှာ ရုန်ချင်းနဲ့ အတော်လေး ထပ်တူကျတယ်။ သူ့မှာ CEOတစ်ဦးရဲ့ ဟိတ်ဟန်ကြီးတဲ့ အပြုအမူမျိုး 100%ရှိတယ်။ အစပိုင်းမှာ အေးစက်မောက်မာတဲ့ ခံစားချက်က လူတွေကို တကယ် ခြောက်လှန့်နိုင်ပါတယ်။

ဒါပေမဲ့ အဲ့ဒီနောက် သူ့ပါးစပ်ကို ဖွင့်လိုက်တယ်လေ။

ကောင်းနင်းဆို မထိန်းနိုင်တော့ဘဲ နေရာမှာတင် ရယ်ချမိတော့မလို ဖြစ်သွားရတယ်။ သူ(မ)ခမျာ သူ(မ)ရဲ့ပေါင်လေးအတွက် အတော်လေး စိတ်မကောင်းဖြစ်နေရရှာတယ်။ မူကော်ပိုရေးရှင်းရဲ့ CEOက ကွမ်တုံးသားစစ်စစ်မှန်းသာ သူ(မ)ကြိုသိခဲ့ရင် ဒီလိုအဖြစ်မျိုး ကြုံမှာတဲ့လား?

"ဟားဟားဟားဟားဟားဟား ငါတော့ အူတက်သေတော့မယ်! မင်း မူကော်ပိုရေးရှင်းကို သွားမယ်‌ဆိုတာ ငါ့ကို ဘာလို့ အစောတည်းက မပြောရတာလဲ? ငါ မင်းကို ကြိုတင်သတိပေးလို့ရတာပေါ့" ရုန်ချင်းတစ်‌ယောက် ဖြစ်ပျက်နေမယ့် မြင်ကွင်းကိုတောင် ပုံဖော်ကြည့်နိုင်တယ်။

မူချန် အဲ့ကောင်က အတော်လေး ပရိယာယ်များတယ်။ သူ စကားမပြောရင် သူ့မှာ အထက်စီးဆန်တဲ့ အော်ရာတွေ တကယ် ဝန်းရံနေမှာ။ ဒါပေမဲ့ သူ စကားပြောလိုက်တော့.....တကယ်ပါပဲ။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now