[ 5 4 ]

7.7K 1.5K 76
                                    

[Unicode]

ခေါင်းဆောင် ဆံဝါကောင်က ထိုလူတွေကို မြင်တဲ့အခါ အလွန်အံ့အားသင့်သွားရတယ်။

မူချန်က အေးစက်စက် ရယ်မောလိုက်တယ်။ သူက ရှန်တုံးအနောက်ဖက်မှာဆို နံပါတ်တစ် လမ်းလူဆိုး ဖြစ်ခဲ့တာကွ။ အဲ့ရာထူးက နယ်နယ်ရရ မဟုတ်ဘူးနော်! မူချန်က သူ့လက်ကို ဟန်ပါပါ ဝေ့ယမ်းလိုက်တယ်။

ဝှစ် ဝှစ် ဆိုပြီး လေထဲ ဖြတ်သန်းသွားတဲ့အသံများ ဆက်တိုက်ထွက်ပေါ်လာလေတော့တယ်။

"အားးး!"

"အား အားးးးးး!"

"အားးးးးးးးး!"

စိတ်မချမ်းမြေ့ဖွယ် အော်သံများက လေထုထဲမှ သံစဉ်လိုက်သလို စီကနဲ စီကနဲ ထွက်လာခဲ့တယ်။ ကျယ်လောင်စူးရှသော အော်သံများမှ တစ်ယောက်‌သော ကံဆိုးသူမောင်ရှင်လေးခမျာ သူ့ချည်းပဲ ခဏခဏ အဆော်ခံနေရပြီး ညှပ်ဖိနပ်များရဲ့ အချစ်တော် ဖြစ်လို့နေပါတယ်။

တစ်မိနစ်ကြာတဲ့အခါ ဆံဝါကောင် လူရမ်းကားတစ်သိုက်က မြေပြင်ပေါ်မှာ ဖြစ်ကတတ်ဆန်း လဲပြိုကျသွားတယ်။ သူတို့ရဲ့ မျက်နှာတွေပေါ်မှာတော့ ညှပ်ဖိနပ်များ ဖုံးလွှမ်းနေလေရဲ့။ သူတို့ခမျာ လုံးဝရှက်ရွံ့ကြောက်လန့်သွားပြီး ဘာလုပ်ရမှန်းမသိအောင် ဗျာများနေပါပြီ။

ရုန်ချင်းတစ်ယောက် ဒီရှိူးပွဲကို ကြည့်နေလား‌ဆိုတော့ သေချာပေါက် အားရပါးရ ကြည့်နေတာပေါ့။ အဲ့နောက် သူ အူလှိမ့်အောင် ရယ်ပါတော့တယ်! ဟဲဟဲ! မင်းတို့ကောင်တွေ သိပ်ကို အတင့်ရဲပါပေတယ်! ဒီဒယ်ဒီရဲ့ ပိုင်ဆိုင်မှုတွေကို တကယ်ကြီး လုယက်ဖို့ ကြံရဲတယ်ပေါ့လေ! ဒီရွှေဆွဲကြိုးတုတ်တုတ်ရဲ့ နောက်ကွယ်မှာ ဘယ်လိုအုပ်စုမျိုး ရှိနေမလည်းဆိုတာ မင်းတို့တွေ ရပ်ပြီးတော့တောင် မစဉ်းစားကြည့်မိဘူးလား? ရွှေဆွဲကြိုးမပြောနဲ့ မူးလို့တောင် ရှုစရာမရှိတဲ့ ကောင်စုတ်လေးတွေကများ ဒီဒယ်ဒီလို ပုဂ္ဂိုလ်ကြီးကို ဆန့်ကျင်ရဲတယ်ပေါ့လေ?

ညှပ်ဖိနပ်တစ်ဖက်က ရုန်ချင်းခြေထောက်ဘေးမှာ ငြိမ်ငြိမ်လေး ကျနေခဲ့တယ်။ ရုန်ချင်းက အလိုလို အောက်ငုံ့ကြည့်လိုက်မိပြီး ထိုဖိနပ်ကို မြန်မြန်လှမ်းကောက်လိုက်တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now