[ 1 1 5 ]

3.6K 552 29
                                    

[Unicode]

လင်းကျီ ပြောစကားကို ကြားနေရတဲ့ ရုန်ချင်းနားရွက်တွေ စပ်ဖျဉ်းဖျဉ်း ဖြစ်လာရတယ်။ စိတ်ထဲ ချိုမြိန်မှင်တက်‌နေမိရင်း သူ့နှုတ်ခမ်းထောင့်က အလိုအလျောက် ကော့တက်ချင်သွားလေရဲ့။

ဒါပေမဲ့ သူ ခပ်မြန်မြန်ပဲ သတိရလိုက်တယ်၊ သူတို့ vd call ပြောနေတုန်း ရှိသေးတာလေ!

ရုန်ချင်းက သူ့နှုတ်ခမ်းအစုံကို လျှို့ဝှက်စွာ ခပ်တင်းတင်း စေ့ထားရင်း လင်းကျီကို စိုက်ကြည့်လိုက်တယ်။

ဒီကောင်လေး ဒါမျိုးတွေ ပြောပြီး ရှက်တောင်မရှက်သွားဘူး! သူ ပြောင်းလဲသွားပြီပဲ!

အရင်ကဆို နည်းနည်းလေး ‌ကျီစယ်လိုက်ရုံနဲ့တောင် ရှက်သွေးဖြာတတ်တဲ့ ဝံပုလွေပေါက်လေးကို ရုန်ချင်း ပြန်အမှတ်ရမိပြီး စိတ်ထဲ သေချာပေါက် အဆုံးအစမဲ့ ဝမ်းနည်းညည်းတွားနေတော့တယ်။

အမှန်အတိုင်း ပြောရရင် အဲ့တုန်းက ဝံပုလွေပေါက်လေးက တကယ့်ကို အရမ်းအရမ်း ချစ်ဖို့ကောင်းပြီး တအား ဖြူစင်အပြစ်ကင်းခဲ့တာလေ။ အခုလိုမျိုး အချိန်တိုင်း တော်ကီကြွယ်နေတဲ့သူက ဘယ်သူလဲ?

ဒါပေမဲ့လည်း ထပ်တွေးကြည့်ပြီး ရုန်ချင်းတစ်ယောက် သူ့ရင်ဘတ်ကို ဂုဏ်ယူဝင့်ကြွားစွာ ကော့ပစ်လိုက်တယ်။

ကြည့်! ဒယ်ဒီ့အမြော်အမြင်က အကောင်းဆုံးပဲ! ဒီလို မဟားတရား ထူးကဲကောင်းမွန်လွန်းတဲ့ အထက်ပုဂ္ဂိုလ်မျိုး! ဒယ်ဒီ သူ့ကို အစတည်းက ချက်ချင်း ရှာတွေ့ခဲ့တာလေ!

ဖြူစင်အပြစ်ကင်းတဲ့ ဝံပုလွေပေါက်လေးကနေ အခုလို တော်ကီအရမ်းကြွယ်တဲ့ သူတစ်ယောက် ဖြစ်လာတာ ဒယ်ဒီ ပင်ပင်ပန်းပန်း ကြိုးစား‌ခဲ့ရတာရဲ့ ရလဒ်ပဲမလား!

ဟုတ်တယ်! ဒီလိုပဲ ဖြစ်ရမယ်!

ရုန်ချင်း တွေးလေတွေးလေ သူ့ကိုယ်သူ ပိုပြီးတော့တောင် ကျေနပ်ပီတိ ဖြစ်လာလေလေပဲ။ သူ့စိတ်ထဲ တတွတ်တွတ် ပြောနေရင်းနဲ့ပဲ သူ့မျက်ခုံးနှစ်ဖက်ကြား ရယ်မြူးရိပ်လေး မဖုံးနိုင်မဖိနိုင် ထွက်ပြူလာလေရဲ့။

ထိုသို့ တွေးရင်း ရုန်ချင်း ခပ်တိုးတိုး ပြောလိုက်တယ် :: "မင်း အရင်ကထက် စကားပိုတတ်လာတာပဲ။ အရင်တုန်းက ငါ မင်းနဲ့ စကားပြောပြီဆို မင်းမျက်နှာက နီရဲတက်လာတာလေ။"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now