[ 1 0 8 ]

4.3K 861 22
                                    

[Unicode]

ရုန်ချင်းတစ်ယောက် ဂရုချက်ထဲကနေ နှာတမှုတ်မှုတ်နဲ့ စိတ်ဆိုးမာန်ဆိုး ထွက်လာခဲ့လိုက်တယ်။ သူ့နှလုံးသားထဲ မကျေမချမ်း ဖြစ်နေလေရဲ့။

အဲ့စင်ကယ်ခွေးဂရု! ဘယ်လိုပျော်ပါးရမလည်းဆိုတာ နည်းနည်းလေးတောင် မသိကြဘူး! ရိုမန့်ဆိုတာလည်း နားမလည်ကြဘူး!

ဖွီ !

လူပျိုကြီးဖြစ်မယ့်ကောင်တွေ!

ရုန်ချင်း သူ့ရင်ဘတ်ကို ဖောင်းပစ်လိုက်တယ်။

ဒယ်ဒီနဲ့ တူမနေဘူး! ဒယ်ဒီက တစ်ယောက်သောသူ ပိုးပန်းတာ ခံနေရတာလေ! တစ်ယောက်သောသူက အားအင်တွေ၊ အကြံဉာဏ်‌တွေ အများကြီး စိုက်ထုတ်ပြီး ဒယ်ဒီ့ကို လိုက်ပိုးပန်းနေတာ!

ဒီအချက်ကို တွေးရင်း ရုန်ချင်းတစ်ယောက် ငှက်...ဖွီ! ရွှေကြက်လှောင်အိမ် သေးသေးလေးကို ပျော်ပျော်ကြီး ထုတ်ပြီး တစ်ခဏကြာ စိုက်ကြည့်နေလိုက်တယ်။

အိုက်ယား ဒီရွှေအလင်းတန်း၊ ငွေလင်းတန်းတွေ၊ ပြီးတော့ ပတ္တမြားနှစ်လုံးရဲ့ တလက်လက် တောက်နေတဲ့ ရောင်ပြန်တွေ!

ကျစ်! ပြီးပြည့်စုံလိုက်တဲ့ တွဲဖက်မှုပါလား!

ဒါနဲ့ အဓိကကိစ္စကို ပြန်သွားကြည့်ရရင်!

ဒီလောက်ကြည့်ကောင်းတဲ့ ပစ္စည်းလေး! ဒယ်ဒီတစ်ယောက်တည်း ထိုင်ကြည့်နေလို့ ဘယ်ဖြစ်မလဲ! လူအများကြီးပါ ဝိုင်းအသိအမှတ်ပြုလို့ရအောင် ဒယ်ဒီ ဝေမျှပေးရမယ်လေ!

ရုန်ချင်းတစ်ယောက် သူ ဖြစ်စေချင်တာကို မတုန့်မဆိုင်းဘဲ ချက်ချင်းလက်ငင်း အကောင်အထည် ဖော်ပစ်လိုက်ပါပြီ!

လူအများကြီးနဲ့ ဝေမျှရမယ်ဆိုတော့ ဘယ်နေရာက အကောင်းဆုံး ဖြစ်လောက်လဲ? သေချာပေါက် သူ့အကောင့်မှာပေါ့!

တစ်နာရီအကြာမှာတော့ ပြည်သူတော်တော်များများရဲ့ အထူးစပယ်ရှယ် notiသံတွေ မြည်လာတယ်။ သူတို့အားလုံး အလိုအလျောက် ငုံ့ကြည့်မိပြီး သူတို့အကောင့်တွေကို ဖွင့်ကြည့်လိုက်တော့တယ်!

ချက်ချင်းပဲ သူတို့ ပေါက်ကွဲထွက်သွားပြီလေ!

ရုန်ချင်း :: ⟨⟨တစ်‌ယောက်ယောက်ကို မကြာသေးခင်က ငှားပြီး လှောင်အိမ်သေးသေးလေး လုပ်ခိုင်းလိုက်တယ်။ ဒီလက်စွပ်ပါးပါးနဲ့ ဒီလှောင်အိမ်လေး မလိုက်ဖက်လွန်းဘူးလား?{ပုံ} ⟩⟩

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now