[ 6 8 ]

7K 1.4K 92
                                    

[Unicode]

ရုန်ကော်ပိုရေးရှင်းရဲ့ နှစ်ကုန်partyက တကယ်တော့ စီးပွားရေးလောကမှာ အတော်လေး နာမည်ကြီးတယ်။ အခုလက်ရှိ ရုန်ကော်ပိုရေးရှင်းမှာ ထုတ်ကုန်တွေ အများကြီးရှိတယ်။ အနုပညာလောကမှာတောင် မသိတဲ့သူဆိုတာ ခပ်ရှားရှားပဲ။ ထုတ်ကုန်တစ်မျိုးချင်းစီမှာ ထောက်ခံ‌ကြော်ငြာပေးမယ့် celebrity ကိုယ်စားလှယ်တစ်ဦးစီ ရှိကြတယ်။ နှစ်စဥ်နှစ်တိုင်း ထိုကိုယ်စားလှယ်တွေက ရုန်ကော်ပိုရေးရှင်းရဲ့ နှစ်ကုန်partyဖိတ်စာကို အသီးသီး လက်ခံရရှိကြတယ်။ သူတို့တွေက နှစ်ကုန်မဲဖောက်ပွဲမှာတောင် ဝင်ရောက်ဆင်နွှဲနိုင်သေးတယ်။

‌ရုန်ကော်ပိုရေးရှင်းက ကမ္ဘာတစ်လွှမ်းမှာ ဩဇာအာဏာအကြီးကြီးကို ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် mediaတွေ သတင်းစာအယ်ဒီတာများစွာက ဒီပွဲအကြောင်း သတင်းယူဖို့ အပြေးအလွှား‌ ရောက်လာကြတယ်။

တိုတိုပြောရရင် ဦးနှောက်မပျက်သေးတဲ့ celebrity ကိုယ်စားလှယ်တိုင်း ဒီpartyကို တက်ရောက်ကြတယ်။ ‌ရုန်ကော်ပိုရေးရှင်းရဲ့ နှစ်ကုန်partyက တအားကြီးကျယ်ခမ်းနားတာကြောင့် ကိုယ်စားလှယ်တိုင်း အင်မတန်ဈေးကြီးလွန်းတဲ့ ပွဲတက်ဝတ်စုံများကို တစ်ယောက်ထက်တစ်ယောက် သာအောင် အပြိုင်အဆိုင် ဝတ်ဆင်ကြတယ်၊ မဟုတ်ရင် သူတို့တွေ အခြားကိုယ်စားလှယ်တွေနဲ့ အယှဉ်ခံရပြီး publicမှာ မျက်နှာပျက်ရလိမ့်မယ်။

ဒီနှစ်လည်း ချွင်းချက်မရှိပါဘူး။

ဖိတ်ကြားထားတဲ့ ဧည့်သည်စာရင်းထဲမှာ အခုလက်ရှိ နာမည်အကြီးဆုံး ဖြစ်နေတဲ့ A list star အန်းရန်လည်း ပါဝင်တယ်။

အန်းရန်က မူလစစတုန်းက girl bandတစ်ခုထဲမှ အဖွဲ့ဝင်တစ်ဦး။ အဖွဲ့ပျက်သွားပြီးနောက် သူ(မ)က ဆန့်ကျင်ဘက်အနေနဲ့ ‌တစ်ဟုန်ထိုး မြင့်တက်ကျော်ကြားလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး သူ(မ)က ရုပ်ရှင်လောကထဲ ခြေဆန့်လာကာ နာမည်ကောင်းကောင်း ရထားတဲ့ TV ဇာတ်လမ်းတွဲနှစ်တွဲမှာ ပါဝင်သရုပ်ဆောင်ပြီး ပို‌လို့ဝောာင် ကျော်ကြားလာတော့တယ်။

ဒီနှစ်အစပိုင်းမှာ သူ(မ)က အမျိုးသမီးလက်ပတ်နာရီ brandတစ်မျိုးရဲ့ ကိုယ်စားလှယ်အဖြစ် စာချူပ်ချုပ်ခဲ့တယ်။ ရုန်ကော်ပိုရေးရှင်းရဲ့ ပေါင်တုတ်တုတ်ကြီးကို အသေဖက်ထားပြီးတဲ့နောက်မှာတော့ ရုပ်ရှင်လောကမှာ သူ(မ)ကို နှောင့်ယှက်တဲ့သူတွေ ချက်ချင်း လျော့ကျသွားခဲ့တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now