[ 1 5 ]

9.2K 1.7K 69
                                    

[Unicode]

လူအိုကြီးစုန့်ဆီမှ ပိုက်ဆံအများကြီး ရလိုက်တော့ ရုန်ချင်း အားလပ်နေတော့တယ်။ ဒါကြောင့် စုန့်ရှန်းရဲ့ လတ်တလော သတင်းတွေကို ရှာဖွေလိုက်တော့တယ်။ မစုံစမ်းကြည့်ဘဲ သူ မသိနိုင်ဘူး။ စုံစမ်းရှာဖွေလို့လည်း ပြီးရော သူ အတော်အသင့် လန့်ဖျပ်သွားရတော့တယ်။ အင်တာနက်ထဲ ဝင်မွှေ ဟိုကြည့်သည်ကြည့် လုပ်လိုက်ရုံနဲ့ ရုန်ချင်းတစ်ယောက် စုန့်ရှန်းနဲ့ ပတ်သက်တဲ့ သတင်းအားလုံးကို လွယ်လွယ်လေး ဖတ်နိုင်သွားတယ်။

ဥပမာ အနေနဲ့ဆို စုန့်ကော်ပိုရေးရှင်းရဲ့ ဆက်ခံသူက ဆယ်ကျော်သက်သရုပ်ဆောင်လေးကို ကြွေနေတယ် ; စုန့်ကော်ပိုရေးရှင်းရဲ့ မိသားစုတန်ဖိုးက မဖြောင့်မတ်တော့ဘူး မိသားစုဝင်တစ်ယောက်က ယောက်ျားတွေကို ကြိုက်ပုံရ ; ဝါး ရှောင်းဇီချီ အစွမ်းက အံ့မခန်းပဲ! စုန့် နဲ့ ရုန် မိသားစုနှစ်စုကို သူ့အတွက်နဲ့ သဝန်တိုပြီး တိုက်ခိုက်စေချင်ပုံပဲ!

ကျစ်ကျစ်ကျစ် ကြည့်ပါအုံး။

အမှန်ပဲ။ စုန့်ရှန်းက ဆက်ခံသူအဆင့်ပဲ ရှ်ိသေးတာ။ သူက ရုန်ချင်းနဲ့ မတူဘူး။ ရုန်ချင်းရဲ့နာမည်ကြောင့်သာ ရုန်မိသားစုဆိုပြီး ဖြစ်လာတာ။

ရုန်ချင်း အဲ့အရူးကောင် စုန့်ရှန်းကို ရွှံဗွက်ထဲကနေ ပြန်ထွက်လာနိုင်အောင် အားကုန်သုံး ကူညီပေးခဲ့တယ်။ ‌ဒါပေမဲ့ သောက်ကျိုးနည်းကောင်က နောက်တစ်ခေါက် ပြန်ခုန်ဆင်းသွားပြန်ပြီ?!

တစ်ခဏလောက် တွေးကြည့်ပြီးမှ ရုန်ချင်း သူ့လက်တွေ ရုတ်တရက် ယားယံလာပြီး ရှောင်းဇီချီ blog ထဲ ဝင်ကြည့်လိုက်တယ်။

ရှောင်းဇီချီ V :: ကျွန်တော့်ရဲ့အလုပ်ကို လာလည်ပေးလို့ ကျေးဇူးတင်ပါတယ် စုန့်ကောခင်ဗျ။ လူတိုင်းက ကော်ဖီက အရမ်းကောင်းတယ်လို့ ပြောပါတယ်။ [ jpg ]

အို..... အဲ့အရူးကောင် စုန့်ရှန်းက တကယ်ကြီး သွားလည်တယ်ပေါ့လေ? လူအိုကြီးစုန့်က သူ့ကို ဆက်ခံသူရာထူးက ဖယ်ချလိုက်မှာ တကယ်ကြီး မကြောက်ဘူးပေါ့လေ? အင်း, တကယ်တော့လည်း လူအိုကြီးစုန့်က သူ့ကို အကျိုးကျေးဇူး အများကြီး ပေးထားတာလေ, အဲ့အဘိုးကြီးကို ကူညီပေးတဲ့အနေနဲ့ ရှောင်းဇီချီနဲ့ အရူးကောင် စုန့်ရှန်းဆီ တစ်ချက်လောက် သွားစစ်ဆေးကြည့်ရင်ရော, ဒါမှ အဲ့ကောင်စုတ်လေး ငတုံးအလုပ်တွေ မလုပ်နိုင်မှာ။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now