[ 1 0 7 ]

4.5K 815 31
                                    

[Unicode]

ရုန်ချင်းတစ်ယောက် ကြမ်းပြင်ပေါ်က စာရွက်ပိုင်းလေးကို ကြည့်ပြီးတဲ့နောက် ကြမ်းပြင်ပေါ်က ခပ်ပါးပါး လက်စွပ်လေးဆီ ဖြည်းဖြည်းချင်း အကြည့်ရောက်သွားတော့တယ်။

သူ ချက်ချင်းလက်ငင်း နဖူးပေါ် လက်တင်ထားလိုက်ရတယ်။

သူ...သူ မူးလဲတော့မယ်!

သူ့ခြေထောက်နှစ်ဖက်လုံး ပျော့ခွေသွားကာ ကြမ်းပြင်ပေါ် ပစ်လဲကျသွားလေရဲ့။ သူ့ရဲ့ ‌အမောတကော အသက်ရှိုက်သံကလွဲရင် သူ ကြားရသမျှက ခပ်ပြင်းပြင်း မြည်ဟီးနေတဲ့ သူ့နှလုံးခုန်သံပဲ။

နှလုံးခုန်သံက သူ့နားရွက်နား ဒရမ်လာတီး‌နေသလိုပဲ။ ရုန်ချင်းတစ်ခေါင်းလုံးလည်း ကြမ်းပြင်ပေါ် ကျနေတဲ့ စာရွက်ထဲက စာတွေနဲ့ ပြည့်နှက်သွားပြီ။

သူ အလောတကြီး ပင့်သက်ရှိုက်ပြီး သူ့ပါးစပ်ကို လက်နဲ့ ခပ်တင်းတင်း အုပ်ထားလိုက်တယ်!

အားးးးးးးးးးးးးး!

ဒါ...ဒါ ဘယ်လိုတောင် နတ်ဘုရားဆန်ဆန် ဝံပုလွေပေါက်လေးပါလိမ့်! သူ တကယ်ကြီး အဲ့ဟုန်ပေါင်းကို ယူဖို့ ဒယ်ဒီ့ကို ပါးပါးနပ်နပ် အကြံပေးလိုက်သေးတယ်!

ဖြစ်ခဲ့သမျှကို ပြန်စဉ်းစားရင်း ရုန်ချင်းတစ်ယောက် ခေါင်းအစ ခြေအဆုံး ချက်ချင်း နီရဲတွတ်သွားတော့တယ်။

ဝံ...ဝံပုလွေပေါက်လေး အဲ့တုန်းက ဟုန်ပေါင်းကို လာယူပြီး သူ့အပြင်ကုတ် အိတ်ကပ်ထဲ ထည့်ပေးလိုက်တာ မဆန်းတော့ဘူးပဲ!

ရုန်ချင်းတစ်ခေါင်းလုံး တဝီဝီ မြည်နေပြီ။

သူ့ပုံရိပ်ကို လျစ်လျူရှုပြီး စူးစူးဝါးဝါး အော်ပစ်ချင်တယ်လို့ ! အိမ်အောက်ထပ် ပြေးဆင်းပြီး ပတ်ပြေးချင်တယ်! သူ...သူ လုပ်ချင်...!

မကောင်းတော့ဘူး! သူ တကယ်ကြီး ဝံပုလွေပေါက်လေးကို ပြန်ခေါ်ပြီး ဟိုဟာ လုပ်ချင်သွားပြီ!

ဒီစကြဝဠာမှာ ဒုတိယ ဝံပုလွေပေါက်လေးဆိုတာ ရှိကိုမရှိနိုင်တော့ဘူး! နှောင်ဖွဲ့မယ်! ဟုတ်တယ်! အသေချည်ပစ်မယ်! အားးးးးး!

အစကတော့ ရုန်ချင်းတစ်ယောက် သူ့ရင်ဘတ်ထဲကနေ တစ်ခုခု ထွက်ကျလာတော့မတတ် ခံစားနေရပေမဲ့ အဆုံးမှာတော့ သူ ရေခဲရေတစ်ပုံး လောင်းချခံလိုက်ရသလို ခံစားသွားရတယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now