[ 6 3 ]

7.3K 1.5K 127
                                    

[Unicode]

"လာထိုင် စကားပြောကြစို့" ရေမိုးချိုးပြီးတော့ ကုန်းစွင့်ဇီပိုင်က အဝတ်အစားလဲပြီး ထိုင်လိုက်တယ်။ သူ့အရပ်က ၆ပေရှိတယ်။ ကုန်းစွင့်ပိုင်က ၅ပေ၈လက်မပဲရှိတယ်။

နှစ်ယောက်သား တူတူထိုင်လိုက်တဲ့အခါ ကုန်းစွင့်ပိုင်က သူ့ရှေ့မှာ အလွန်မြင့်တဲ့ တောင်ကြီးတစ်တောင် ရှိနေသလို ထူးထူးဆန်းဆန်း ခံစားလိုက်ရတယ်။ ဖြတ်ကျော်ရခက်မယ့် တောင်ကြီး။

အခုချိန်မှာ သူ ဘာမှ တကယ်မပြောချင်တော့ပေ။ စောနက မွေးနေ့ပွဲမှာတုန်းက သူ့ဝမ်းကွဲတစ်ယောက်က ပြောတာတော့ ရှုရှုက အကြီးအကဲတွေအားလုံးရဲ့ လက်ဆောင်တွေကို သိမ်းလိုက်တယ်တဲ့လေ။ ပြီးတော့ အားလုံးကို ပြန်ရောင်းပြီး လှူလိုက်ပြီတဲ့လေ။

ပြောရရင် ကုန်းစွင့်ပိုင်ရဲ့ ၁၉နှစ်ပြည့်မွေးနေ့လေးက လုံးဝအဓိပ္ပာယ်မရှိတော့ဘူး။

သူ့ရဲ့ ဖာရာရီလေး၊ credit cardလေးတွေ၊ အခြားလက်ဆောင်လေးတွေ အားလုံး ရေစုန်မျောသွားပြီ !

ခေါင်းပေါ်မှာထက် နှလုံးသားထဲမှာ ပိုနာကျင်နေရတယ်။ ဒါ.....ငယ်ငယ်လေးနဲ့ ရည်းစားထားမိတဲ့ နာကျင်မှုများလား?

အရမ်းနာကျင်‌ရတာပဲ! သူ လုံးဝခံမစားနိုင်တော့ဘူး!

ကုန်းစွင့်ဇီပိုင်က မျက်မှောင်ကြုပ်လိုက်တယ် :: "ဘာလဲ? မင်း မမှားဘူးလို့ ထင်နေသေးတာတော့ မဟုတ်ဘူးမလား?"

အမှားကို ဝန်ခံဖို့ ငြင်းဆန်နေတုန်းလား? ဒီကောင်လေး ဘယ်အချိန်ကစပြီး ဒီလောက်ပျက်စီးသွားရတာလဲ?

ကုန်းစွင့်ပိုင်ရဲ့ မျက်နှာလေးမှာ ဖြူဖျော့သွားပါတော့တယ်။

မဟုတ်ပါဘူး ရှုရှု ! သား မှားပါတယ်! သားရဲ့အသည်းနှလုံးလေး အစိတ်စိတ်အမြွာမြွာ ကွဲကြေကုန်ပြီ !

သူ ခေါင်းကို အမြန်ငုံ့ ဒူးနှစ်ဖက်ကို ပူးကပ်ပြီးမှ လိမ်လိမ်မာမာ ပြန်ဖြေလိုက်တယ် :: "သား တောင်းပန်ပါတယ်။ ရှုရှု သား မှားပါတယ်။"

"မင်း ဘာအမှားလုပ်ခဲ့လဲ?" ဇီပိုင်ရဲ့ မျက်နှာထားတင်းတင်းက အနည်းငယ် ပြေလျော့သွားပြီ။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now