[ 7 1 ]

7.1K 1.6K 83
                                    

[Unicode]

တီဗီရှေ့မှာ တစ်ယောက်သော အမျိူးသားရဲ့ လက်ချောင်းများက သူ့ပေါင်ပေါ်မှာ လှဲအိပ်နေတဲ့ လင်းယွဲ့ရဲ့ ပါးကို ခပ်ဖွဖွ ပွတ်သပ်နေလေရဲ့။ သူ ရုတ်တရက် သဘောပေါက်သွားတယ် :: "သူ ဒီလောက် အလောတကြီး ပြေးသွားတာ အံ့ဩစရာမရှိတော့ပါဘူး။ ဒါကြောင့်ကိုး"

သူက တီဗီပေါ်က အမျိုးသားကို သေချာအကဲခတ်ကြည့်ပြီးနောက် ချက်ချင်း နားလည်လိုက်တယ် :: "ဒါဆို သူပေါ့"  အင်း ဒီလူက အတော်လေး ထူးချွန်ထက်မြက်မယ့်ပုံပဲ။

ပြီးတော့ ဒီလူပုံပန်းက လင်းကျီ စိုးရိမ်မယ်ဆ်ိုလည်း စိုးရိမ်ချင်စရာ။

ထိုအမျိုးသားက ခပ်ဟဟရယ်ပြီး သူ့အသည်းအသက်လေးရဲ့ ပါးမို့မို့ကို ငုံ့နမ်းလိုက်တယ်။

အခု မင်း စိုးရိမ်စရာ မလိုတော့ဘူး။ မင်းညီလေးရဲ့ အကြိုက်ကလည်း မင်းအတိုင်းပဲ အကောင်းကြိုက်တတ်တယ်။

[.....ဟဲ့ ဘာဖြစ်ကုန်တာလဲ?]

[အို သေစမ်း.....? အဲ့တာ ဘယ်သူ့လက်မောင်းကြီးတုန်း?]

[ဒီအသံ....နည်းနည်းလေး ရင်းနှီးနေတယ်ရော်!]

[သူ ဘယ်သူလဲ....ငါ သိသွားပြီထင်တယ်...]

[ဒါပေမဲ့ ဒီအနေအထားကြီးက...]

Screenပေါ်က အပြိုင်အဆိုင် အံ့အားသင့်နေကြတဲ့ commentတွေ တဟုန်ထိုး မြင့်တက်လာတယ်!

ထိုအခိုက်မှာပဲ အင်မတန်မှ အတွေ့အကြုံ ပြည့်ဝလှတဲ့ ကင်မရာမန်းက ကင်မရာရှုထောင့်ကို လှည့်လိုက်တယ်။ အလွန်တရာ ရင်းနှီးကျွမ်းဝင်နေပါသော မျက်နှာက ချက်ချင်းဆိုသလို ကြည့်ရှုသူပရိသတ်ရဲ့အရှေ့ အထင်းသား ပေါ်လာတော့တယ်။

[အားးးးး! လင်းကျီ! သူလည်း ပွဲတက်တာလား?]

[လင်းကျီကောကော အားးး! တအားချောတာပဲ! အားးး! ရုန်ကော်ပိုရေးရှင်းရဲ့ နှစ်ကုန်partyက ဒဏ္ဌာရီလာ partyမျိုးလား?! ငါ့ရဲ့ကိုယ်ရေးအကျဉ်းကို အခုပို့ရင် တအားများ နောက်ကျနေပြီလားဟင်?]

[အိုင်း အပေါ်ကလူ စိတ်ရှုပ်မခံနဲ့တော့ ရုန်ကော်ပိုရေးရှင်းမှာ ဖွင့်ပွဲရှိတိုင်း မင်း ခေါင်းတစ်ခုလုံး ပေါက်ကွဲမတတ် တိုးဝင်ကြည့်နိုင်မှပဲရမှာ။ top tenစာရင်းဝင် ကုမ္ပဏီတစ်ခုရဲ့ ပါဝါကို တကယ် ပေါ့ပေါ့လေး မမှတ်လိုက်နဲ့ ]

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now