[ 9 1 ]

5.7K 1.1K 98
                                    

[Unicode]

ငါ.....

ငါ-ိုး အားးးးးးးးး

မင်း ဘာလုပ်နေတာလဲ!

မင်း ဘာလုပ်နေတာလဲ!

မင်း ဘာလုပ်နေတာလဲဆိုတာ မင်း သိလား!

မင်းတော့ သေပြီ!

မင်းဘာသာမင်း အဖိုးတန် အမျိုးမှန် အထက်ပုဂ္ဂိုလ်ကောင်းလေး မကလို့ ဘာဖြစ်ဖြစ်!

ဒီဒယ်ဒီရဲ့ ဂုဏ်သိက္ခာအတွက်!

ဒီနေ့ မင်း သေရမယ်!

ဒယ်ဒီ မင်းကို သတ်ရမယ် ပြီးရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်!

ဒီကမ္ဘာကြီးမှာ ဒယ်ဒီဆက်နေဖို့ မသင့်တော်တော့ဘူး!

တူတူ ပျက်စီးကြစို့ကွာ ဟားဟားဟား!

ရုန်ချင်းတစ်ယောက် သိသိသာသာကိုပဲ ဆက်တိုက် လောင်မြိုက်နေပြီ။ သူ့မျက်နှာတစ်ခုလုံးလည်း လုံးဝနီရဲတွတ်နေပြီ။ နားရွက်တွေဆို သွေးတောက်တောက်ကျနိုင်တဲ့ထိ ရဲ‌တက်နေလေရဲ့။

လင်းကျီကို ကြည့်နေတဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာအမူအရာမှာ ကူကယ်ရာမဲ့တဲ့ ဝမ်းနည်းပူဆွေးခြင်းများနဲ့ ခိုင်မာပြတ်သားမှုတွေ ပါဝင်နေတယ်။

လင်းကျီနှလုံးသား တုန်ယင်သွားရတယ်။ သူ မသိသင့်တဲ့ လျှို့ဝှက်ချက်တစ်ချက်ကို သိသွားတာမှန်း ချက်ချင်း သဘောပေါက်လိုက်ပြီ! အခု ရုန်ချင်း တကယ် စိတ်ဆိုးနေပြီ !

ချက်ချင်းလက်ငင်း သတိဝင်လာကာ လင်းကျီ အလိုအလျောက် ထုတ်ပြောလိုက်တယ် :: "ခင်ဗျား ဒါတွေကို တစ်ယောက်ယောက်အတွက် ဝယ်ထားတာလား?"

ရုန်ချင်း :: "?"

သူ့ရဲ့ ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ အမူအရာမှာ ခေတ္တခဏ တောင့်ခဲသွားရတယ်။

အဲ့နောက် သူ အလျင်အမြန် တုန့်ပြန်လာတယ်!

ဟုတ်တယ်! ဒယ်ဒီ့အိမ်မှာ ရှိနေပေမဲ့ ဒယ်ဒီ့ပစ္စည်းလို့မှ တပ်အပ် မပြောနိုင်တာ!

သူ ချက်ချင်း ငြိမ်သက်သွားပြီး ခိုင်မာတည်ကြည်သော မျက်နှာထားဖြင့် :: "အင်း။ အမှန်ပဲ။ စုန့်ရှန်းက သူ့အတွက် ဝယ်ပေးပါဆိုပြီး ငါ့ကို လာတောင်းဆိုထားတာ။ ငါလည်း ပစ္စည်း မှားဝယ်မိမှာ စိုးလို့ ဖွင့်ကြည့်ပြီး သူ့ဆီ ဓာတ်ပုံရိုက်ပို့ပြီး မှန်မမှန် အတည်ပြုထားတာ။"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now