[ 8 3 ]

6.3K 1.3K 80
                                    

[Unicode]

ဘဝကြီးက ခက်ခဲကြမ်းတမ်းနေသော်ငြားလည်း ရုန်ချင်းတစ်ယောက် commentတစ်ခုချင်းစီကို သေချာလေး လိုက်ဖတ်ကြည့်လိုက်ပါသေးတယ်။

ဟမ်? လင်းကျီဖန်တွေက မ‌ဆိုးဘူးပဲ!

ဒီလူတွေရဲ့စကားတွေကို ခပ်တုံးတုံး နည်းတစ်ချို့ သုံးပြီး ကမ္ဘာ့အစွန်းထိ‌ ရောက်အောင် မလိမ့်တပတ် လုပ်နိုင်လိုက်တဲ့ လင်းကျီဖန်လေးတွေကို မြင်လိုက်ရတော့ ရုန်ချင်း မရယ်ဘဲမနေနိုင်တော့ဘူး။

¶ကမ္ဘာ့အစွန်းထိရောက်အောင်‌ဆိုတဲ့ အဓိပ္ပာယ်က   အတုအယောင်သ‌ဘောမျိုး သက်ရောက်ပါတယ်။ ကမ္ဘာက လုံးနေတဲ့အတွက် အစွန်းဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဟိုရှေး‌နှစ်တွေတုန်းက ခေတ်ဦးစူးစမ်းလေ့လာသူများက ကမ္ဘာကြီးကို ပြားတယ်လို့ တထစ်ချယူဆပြီး ရွက်လွှင့်သင်္ဘောများနဲ့ ကမ္ဘာ့အစွန်းကို သွားရောက်လေ့လာမယ်လို့ ဆုံးဖြတ်လိုက်ပေမဲ့ အဆုံးမှာတော့ အထမမြောက်လိုက်ပါဘူး။ သူတို့သီအိုရီက မှန်မနေလို့ပါ။ အခုလည်း ဒီလိုပါပဲ။ water army တွေက လင်းကျီကို ဆဲဆိုတယ်။ ဖန်တွေကလည်း ပညာသားပါပါနဲ့ ပြန်တုန့်ပြန်တယ်။ water army တွေ ဆဲဆိုနေတာမှန်း မသိတဲ့ သာမန်ဖြတ်သွားဖြတ်လာတွေကတော့ ဒီဆဲဆိုနေတဲ့သူတွေက မဟုတ်တရုတ်တွေ ပြောနေတာပါလို့ ယုံကြည်သွားစေနိုင်လောက်တဲ့ထိ လင်းကျီဖန်တွေက အပြောကြွယ်တယ်လို့ ဆိုလိုချင်တာပါ¶

သိပ်တော်တယ်ကွာ! မင်းတို့လေးတွေက စိတ်မပျက်စေရဘူးပဲ!

ရုန်ချင်းစိတ်အခြေအနေက ချက်ချင်း ပြန်လည်ကောင်းမွန်သွားတယ်။ သူ့မနက်စာကို စားလို့ပြီးတဲ့အခါ သူ တစ်ခဏလောက် စဉ်းစားခန်း ဖွင့်နေတယ်။

သူ ဒီနေ့ ဘာလုပ်သင့်လဲ?

လက်ထောက်ဟယ်မရှိတော့ သူ တကယ် ရုံးသွားမတက်ချင်ဘူး။ တအားပင်ပန်းလွန်းတယ်။ ပြီးတော့လည်း ကုမ္ပဏီမှာ အရာအားလုံးကို အစီအစဉ်တကျ ခန့်ခွဲထားပြီးသားလေ။

မေးစေ့ကို ပွတ်သပ်နေရင်း ရုန်ချင်းရဲ့မျက်ဝန်းအစုံက ရုတ်တရက် ဘလင်းဘလင်း ထသွားတယ်!

ဝံပု‌လွေပေါက်လေးအတွက် ဖုန်းအသစ်တစ်လုံး သွားဝယ်လို့ရတယ်လေ! ပြီးရင်တော့ သူ့ဆီ သွားလည်မယ်! ခဏတစ်ဖြုတ် နေမယ်! ဟုတ်တယ်ကွာ ပြီးပြည့်စုံချက်!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now