[ 1 7 ]

9.1K 1.8K 204
                                    

[Unicode]

စုန့်ရှန်းတစ်ယောက် သေချင်စော်တောင် နံလာရတယ်။

သူ ကြောက်မက်ဖွယ် သေခြင်းတရားနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလိုပါပဲ။

သူလည်းပဲ အဲ့ ပိုက်ဆံနည်းနည်းလောက်လေးကို ဂရုမစိုက်ဘူးလို့ တကယ် ပြောပစ်ချင်လိုက်တာ။

ဒါပေမဲ့ ဒီစကားတွေက သူ့လည်ချောင်းထဲမှ ထွက်ကျမလာခဲ့ပေ။

သူ့မှာ ပိုက်ဆံ မွဲလွန်းလို့ အနိစ္စရောက်တော့မယ်။

အဲ့ထက်ပိုဆိုးတာက သူ့မှာသာ အရင်တည်းက ငါးသန်းလောက် ရှိခဲ့ရင် အဲ့ အနက်ရောင် အလှလေးက သူ့အပိုင်ဖြစ်နေလောက်ပြီ!!

ဗြဲ!

" အို ဟုတ်သား။ " ရုန်ချင်းက သူ့ကို တစ်ချက်ကြည့်ရင်း ရေတစ်ငုံ သောက်လိုက်တယ်။ " ငါကြားတာတော့ မင်းရဲ့ ဆက်ခံသူနေရာက ယိမ်းယိုင်လာပြီဆို? "

စုန့်ရှန်းတစ်ယောက် ချက်ချင်း လေးနက်သွားပြီး တည်တည်ကြည်ကြည် ငြင်းပယ်ပစ်လိုက်တယ် " ခင်ဗျား ဘယ်ကနေ ကြားလာတာလဲ? လူရမ်းကားလေးတွေဆီကပဲ ဖြစ်ရမယ်။ ကျွန်တော့်ရဲ့ ဆက်ခံသူရာထူးက သိပ်ကိုဘေးကင်းတယ်! " သူ့အဖေမှာ သားဆိုလို့ သူတစ်ယောက်ပဲ ရှိတာလေ!

ပြောဖို့တော့ နည်းနည်းခက်သွားပြီ။

ရုန်ချင်း တစ်ခဏလောက် အချိန်ယူ စဉ်းစားကြည့်လိုက်တယ်။

လူအိုကြီးစုန့်ရဲ့ လေသံကို အကဲခတ်ကြည့်ရရင် စုန့်ရှန်းသာ ဒီလိုဆက်ပြီး မိုက်မဲနေလို့ကတော့ လူအိုကြီးစုန့်က လက်ကျန်စွမ်းရည်နဲ့ နောက်သားတစ်ယောက် ရအောင် ကြိုးပမ်းရင်ကြိုးပမ်း , အဲ့လိုမှ မဟုတ်ရင် စုန့်ရှန်းကို မြေးလေးတစ်ယောက် မွေးခိုင်းပြီး ထိန်းကျောင်းလိမ့်မယ်လို့ ရုန်ချင်း ခန့်မှန်းနေမိတယ်။

ဘာပဲဖြစ်ဖြစ် လူအိုကြီးစုန့်မှာ ဒီကိစ္စဖြေရှင်းဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။

စုန့်ရှန်းက ရုန်ချင်းမျက်နှာအမူအရာကို စေ့စေ့စပ်စပ် လိုက်လံကြည့်ရှုနေလေရဲ့။ သူ စိတ်မချဖြစ်လာရပြီ။ သူ့ရာထူးလေး တကယ်ကြီး ယိမ်းယိုင်နေတာလို့တော့ သူ့ကို မပြောပါနဲ့နော်?

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now