[ 2 5 ]

8.9K 1.8K 68
                                    

[Unicode]

သူ့စိတ်ထဲမှာ ဒေါသထွက်လွန်းလို့ သေတော့မလို ခံစားနေရရင်တောင် ကောင်းကျားရွှမ်က အပြုံးတစ်ပွင့်ကို ညှစ်ထုတ်ပြုံးပြလိုက်တယ်။

သူ သွယ်ဝှက်ပြောလိုက်တယ် " CEO ရုန်က ဒီကိစ္စလေးအတွက် ငါ့ကို လာရှာတာလား? " မင်းဘာသာမင်း ငါ့ထက် ပိုချောနေပါစေ ငါလည်း ငါ စိတ်ဝင်စားတဲ့ ဘယ်သူ့ကိုမဆို ‌လွတ်လွတ်လပ်လပ် ပိုးပန်းခွင့် ရှိတယ် ဟုတ်ပြီလား?

မတရားမှုပဲ။

ကောင်းကျားရွှမ်က ရုတ်တရက် နိုးနိုးကြားကြား ဖြစ်လာတယ်။

ရုန်ချင်းက ငါ့ဆီကနေ ရှောင်းဇီချီကို လုဖို့ ရောက်လာတာလို့တော့ ငါ့ကို မပြောနဲ့နော် ?

အဲ့တာ ဘယ်လိုမျက်နှာထားမျိုးလဲ?

ကောင်းကျားရွှမ်ရဲ့ အကြည့်တွေကို ခံစားမိတော့ ရုန်ချင်း ကောင်းကောင်း သတိကြီးလာခဲ့တယ်။ သူ ဖုန်းကို ချက်ချင်း ထုတ်လိုက်ပြီး screen ကို ပိတ်လိုက်ဖွင့်လိုက် လုပ်ပြလိုက်တယ်။

ကြည့် !

သေချာလေး မြင်ယောင် !

ငါ ဒီလို type မျိုးမှ ကြိုက်တာ !

မင်းမျက်လုံးနှစ်လုံးကို သန့်ရှင်းသွားအောင် ပွတ်လိုက် !

ကောင်းကျားရွှမ်က တကယ်လည်း ရုန်ချင်းဖုန်းရဲ့ screen ကို မြင်သွားပါတယ်။ သို့ပေမဲ့လည်း သူက ရိုးရိုးတမ်းတမ်းပဲ မေးလာခဲ့တယ် " မင်းက လင်းကျီဖန်လား ? " သူ့အသံတွေမှာ ဆန်းကြယ်တဲ့ လေသံမျိုးဖြစ်တယ်။ အဲ့နောက် ရုန်ချင်း သူ့ကို ခုနလေးတင် မေးလိုက်တာကို ပြန်စဉ်းစားရင်း ရုတ်တရက် အတွေးပေါက်သွားတော့တယ်။

အိုဟိုး ! ဒါက ဒီလိုကိုး ! ရုန်ချင်းက..... လင်းကျီကို သက်ညှာပေးဖို့ လာတောင်းဆိုတာလား ?

ကောင်းကျားရွှမ် ဒီအချက်ကို တွေးမိချိန်မှာတော့ သူ့တစ်ကိုယ်လုံးက သွေးတွေ စိတ်လှုပ်ရှားမှုကြောင့် ရုတ်တရက် ဆူပွက်လာသလိုပဲ။

နတ်ဘုရားကောင်းချီးခံ တောင်ထိပ်ပန်းပွင့်ဟောင်းက ကိစ္စတစ်ခုအတွက် ငါ့ဆီ လာတောင်းဆိုရမယ့် ရက်မျိုး ရောက်လာသေးတာပဲ ? ဟဲဟဲဟဲ !

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now