[ 2 3 ]

8.9K 1.8K 77
                                    

[Unicode]

ပိုက်ဆံရှာရတာကို ဟာသလို လုပ်လာခဲ့တဲ့ ရုန်ချင်းတစ်ယောက် တစ်နေ့ သူ ဒီလို စိတ်လွတ်သွားမယ့်နေ့ ရောက်လာလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပေ။

အဲ့ စုန့်မျိုးနွယ် သောက်အဖိုးကြီးက သူ့ကို ရိုက်စားလုပ်သွားပြန်ပြီ !

အဲ့ water park က တကယ်ပဲ မဆိုးပါဘူး။ ရရှိလာမယ့် အကျိုးအမြတ်တွေကလည်း အတော်‌လေး မိုက်တယ်။ ဒါပေမဲ့ လူအိုကြီးစုန့်က ဒီ project ကို တည်ဆောက်တုန်းက ကုန်ကျစရိတ်ရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းပဲ ပေးချေထားတာတဲ့။ တစ်မျိုးပြောရရင် ကျန်တဲ့ ကုန်ကျစရိတ် သုံးဆယ်ရာခိုင်နှုန်းကို ရုန်ချင်းက သူ့ဘာသာ ပေးရမှာတဲ့လေ !

ဒီ water park ကြီးက သန်း၁၀၀ တောင်ကုန်ကျတယ်တဲ့ !!

နောက်တစ်မျိုးပြောရရင် !

သူ တကယ်ကြီး သန်း၃၀‌ ပေးချေရတော့မယ် !

ရုန်ချင်း အသက်ရှုရပ်သွားပြီ။

ရုန်ချင်း သူ့ခုံပေါ်ကနေ ပြုတ်ကျသွားပြီ။

ဘက်စုံသုံး လက်ထောက်လေးက ဘေးနားသို့ လျှောက်လာပြီး သူ့ကို ရက်ရက်စက်စက် သတိပေးလိုက်တယ် " ကျွန်တော် boss ပေးခဲ့တဲ့ စာချုပ်ထဲမှာ အဲ့အချက်ကို အနီမျဉ်းသားပေးပြီးသားပါ။ " သွယ်ဝှက်ပြောရရင် သူ ရုန်ချင်းကို သတိပေးခဲ့ပြီးသား။

ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ရုန်ချင်းက ထိုအချိန်တုန်းက ပိုက်ဆံကြောင့် မျက်စိကန်းသွားပြီး ဒီ ထင်းထင်းကြီး မြင်နေရတဲ့ အနီဝိုင်းကို မမြင်နိုင်တော့ပေ။ ရုန်ချင်း စားပွဲအောက်မှ ထလာပြီး ချုပ်တည်း‌ထားသော လေသံနဲ့ ပြောခဲ့တယ် " ငါ့ဘက်က ကုန်ကျစရိတ်ကို ဘယ်နေ့ နောက်ဆုံးထားပြီး ပေးချေရမှာ? "

ပြီးတော့ အဲ့တုန်းက သူ တွေးခဲ့တာ လူအိုကြီးစုန့်က သောက်ရမ်းရက်ရောတယ်ဆိုပြီးတော့လေ ! ပြန်တွေးကြည့်မှ သူက အရမ်းဖြူစင်ပြီး ရိုးရိုးတမ်းတမ်း တွေးတောခဲ့မိတာပဲ ! ဟယ်ချန်က ဖိုင်ကို လှန်ပြီး တည်ကြည်တဲ့ လေသံနဲ့ ‌ဖြေကြားလိုက်တယ် " ဒီလ ၁၉ရက်ပါ။ ရက်အများကြီး မလိုတော့ပါဘူး။ တစ်ပတ်လောက်ပဲ လိုပါတော့တယ်။ "

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now