[ 4 3 ]

7.8K 1.5K 169
                                    

[Unicode]

စုန့်ရှန်း စိတ်ထဲ သောက်ရမ်းပျော်ရွှင်နေမိပြီ!

အခုချိန်မှာ သူ ဒုံးပျံတစ်စီး စီးနေရသလို ခံစားနေရတယ်! လေထဲမှာ ပျံနေပြီကွ!

သူ့ရဲ့မျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့ လုံချန်လည်း အရမ်းကျေနပ်အားရနေမိပြီ။ သူ(မ)က အခုလေးတင် လမ်းခွဲလာခဲ့တာ, သဘာဝကျကျ ပြောရရင်တော့ သူ(မ) အချိန်တစ်ခုလောက်ထိ တစ်ယောက်တည်း‌ နေသင့်တာပေါ့။ ဒါပေမဲ့ ဘယ်သူက ထင်ထားမိမှာလဲ, သူ(မ)ရဲ့ အဖေအိုကြီး ကျင်းပလိုက်တဲ့ အသောက်ပါတီက နည်းနည်းလောက်တော့ အသုံးဝင်ပါတယ်လေ။

သူ(မ) အရှေ့က လူငယ်လေးကို ပိုလို့တောင် ကျေနပ်အားရနေတဲ့ မျက်နှာအမူအရာနဲ့ စိုက်ကြည့်နေတယ်။ သူ(မ)ရဲ့ အကြည့်က တပ်မက်မှုအပြည့်နဲ့ ထိုလူငယ်ရဲ့ အသားအရေ တစ်လက်မချင်းစီကို လျက်ပစ်ချင်သလို အထက်အောက် စုံဆန်ကြည့်နေလေရဲ့။

မဆိုးဘူး , မျက်နှာက ၈/၁၀ , ခန္ဓာကိုယ်က ၈/၁၀ , အကျင့်စရိုက်‌လေးက...၁၀မှတ်။ သူ(မ)အကြိုက်နဲ့ သောက်ရမ်းလိုက်ဖက်ညီမယ့် သားကောင်လေးတစ်ကောင်နဲ့ မဆုံဖြစ်တာ တော်တော်ကြာနေပြီ။ တောက်ပနေပေမဲ့ အနည်းငယ် တုံးအပုံရတဲ့ ထိုလူငယ်လေး ဝတ်ဆင်ထားသော အဝတ်အစားများကို အထူးတလည် ရှိုးကြည့်လိုက်တော့ အရမ်းကို ကျေနပ်ပျော်ရွှင်သွားရတယ်။ 

သူ့ရဲ့ဝတ်စုံက အတော်လေး သာမန်ဆန်ပေမဲ့ အဲ့ဒီနာရီ....သန်း၃၀ကျော်တယ် မဟုတ်လား? ဒါဆို သူ့ရဲ့ မိသားစုနောက်ခံက အတော်လေး ကောင်းပုံပဲ။ သူ(မ)သာ သူ့ကို လက်ထပ်လိုက်ရင် အထိန်းအကွပ်မရှ်ိ ဆက်လက်ကစားနိုင်လိမ့်မယ်။

သူ(မ) ပိုပိုကြည့်လေ ပိုပိုကျေနပ်လာရလေပဲ။ သူ(မ) တစ်ဖက်လူရဲ့ ‌အဆက်မပြတ်နိုင်‌တော့တဲ့ ဗလွတ်‌ဗလွတ်စကားများကို ဝင်မနှောင့်ယှက်ဘဲ မနေနိုင်တော့ဘူး :: "ရှင်က အဝောာ်လေး ကြည့်ကောင်းတာပဲ။ ရှင့်နာမည် ဘယ်လိုခေါ်လဲ? ရှင် ကျွန်မကို အခုထိ မပြောပြရသေးဘူးနော်။"

စုန့်ရှန်း အေးခဲသွားတယ်။ သူ့မျက်နှာလေး ချက်ချင်းနီရဲလာပြီး "အို...အို? ကျွန်တော် မယဉ်ကျေးမိတာ။ ကျွန်တော့်နာမည် စုန့်ရှန်းပါ။ စုန့်မင်းဆက်က စုန့် , မွန်မြတ်စင်ကြယ်တယ်ဆိုတဲ့ စကားလုံးက ရှန်း " သူ ပိုပြောမိလေလေ ပိုမိုငြိမ်သက်သွားလေလေပဲ။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now