[ 1 3 ]

9.3K 1.7K 85
                                    

[Unicode]

သတင်း ဖော်ထုတ်ခြင်း အသိုင်းအဝိုင်း၌ ဖြစ်သည်။

မနေ့က သုယွင်က တစ်‌စုံတစ်ယောက်ရဲ့ သတင်းသစ်ကို ရေးပြီး တင်လိုက်လိုက်ချင်း သူ့ဘဏ်အကောင့်ထဲ ယွမ်၁သန်း ချက်ချင်း ရောက်လာခဲ့တယ်။ သူ အပျော်လွန်ပြီး သူ့သူငယ်ချင်းတွေကို အသောက်ပါတီပေးဖို့ ခေါ်ထုတ်လိုက်တော့တယ်။ ညဈေးရဲ့ အကင်အားလုံးကို စားသောက်ပြီး ခေါင်းတောင် မထောင်နိုင်တော့ဘဲ မနက် ၄,၅ နာရီမှ သူ့အိမ်ဆီ ဖြည်းဖြည်းချင်း လျှောက်ပြန်ရတော့တယ်။

" နူးညံ့တဲ့ လက်နီရဲများ , အာ - ဟူး ~~ နည်းနည်းလေးတော့ ထိမိမယ် ~~ အိုအို မိန်းမလှလေးရဲ့ အသည်းနှလုံးကိုပေါ့လေ ~ အိုက်ယိုး! "

သုယွင်တစ်ယောက် ခေါင်းထောင်ပြီး မျက်လုံးဖွင့်ဖို့ ကြိုးစားကာ သူ့ခြေထောက်နဲ့ ရှေ့ကို ကန်ပစ်လိုက်တယ်။

" မင်း ငါ့ကို တကယ် လာထိရဲတယ်ပေါ့လေ?! " သူ့ခြေထောက်တွေ လေထဲမှာ ဝေ့ယမ်းနေတော့တယ်။ ဟန်ချက်ပျက်ပြီး မြေပြင်ပေါ် ခေါင်းနဲ့ ရိုက်ကာ လဲကျတော့တယ်။

" ငါ-ိုးမ -ီးလို မှိုလိုပဲ။ ဘယ်ကောင် ငါ့ကို ခြေထိုးခံလိုက်တာလဲကွ?! " ဆက်တိုက် ဆဲရေးရင်း သုယွင် ထရပ်ဖို့ ကြိုးစားလိုက်ပေမဲ့ သူ့ခြေထောက်တွေက ရော်ဘာတွေလို ပျော့တွဲကျသွားပြီး ခေါင်း‌တစ်ခေါင်းလုံးလည်း အရူးလို လည်ထွက်နေတော့တယ်။ သူ ဒီအခြေအနေနဲ့ ဘယ်လိုလုပ် မတ်တပ်ရပ်နိုင်တော့မှာလဲ? ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြီးတဲ့နောက် ‌လမ်းမပေါ်မှာ ပက်လက်လှဲ အိပ်လိုက်တော့တယ်။ အမယ် ဟောက်သံတောင် ထွက်နေလိုက်သေးတယ်။

ထိုအချိန်မှာ အနက်ရောင် ကားတစ်စီး တိတ်တဆိတ် အနား ရောက်လာတော့တယ်။ အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူနှစ်ယောက် မြန်မြန်ဆန်ဆန် ထွက်လာပြီး သုယွင်ကို ကားထဲ သယ်သွားလိုက်တယ်။ အဲ့နောက် ထိုကားမှာ အာရုဏ်တက် မြူတွေကြား ပျောက်ကွယ်သွားတော့တယ်။

~ ဗွမ်း ~

ရေက အရိုးခိုက်ခိုက် သေလောက်အောင် အေးစက်နေတယ်။ မူလက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သုယွင်တစ်ယောက် ချက်ချင်း လန့်နိုးလာတော့တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now