[ 10 ]

9.6K 1.7K 61
                                    

[Unicode]

ရုန်ချင်း ကုမ္ပဏီဆီ ပြန်မရောက်သေးခင်မှာပဲ ဖုန်းမြည်လာခဲ့တယ်။

[ အစားအသောက်လှည်းအတွက် ကျေးဇူးတင်ပါတယ်။ ]

ဒီလိုအပြောမျိုးလေး

ပြီးတော့ ဒီ profile ပုံလေး

ရုန်ချင်းရဲ့ လက်‌ချောင်းတွေက မြန်မြန် စာပြန်ရိုက်လိုက်တယ်။

[ ကျေးဇူးတင်ဖို့ မလိုဘူး။ နောက်တစ်ခေါက် တူတူသွားစားကြမယ်။ ]

ဝံပုလွေပေါက်လေးရဲ့ စိတ်အခြေအနေက ဒီနေ့ အတော်လေး ကောင်းနေပုံပဲ။ အခွင့်အရေးကို အရယူပြီး ထမင်းတစ်နပ် တူတူစားရအောင် ဂွင်ဆင်ရမယ်! သူ ဟိုကြာပန်းဖြူကောင်ကြောင့် ညစ်နွမ်းသွားတဲ့ မျက်လုံးတွေကို ပြန်လည် သန့်စင်ရမယ်!

သုံးမိနစ်ကြာတဲ့အခါ

[ ကောင်းပြီ ]

ကျစ် အောင်မြင်ပြိီကွ~~~

ရုန်ချင်း စိတ်‌‌ကျေနပ်စွာ ဖုန်းကို ပြန်ထည့်ထားလိုက်တယ်။ သူ မော့ကြည့်လိုက်တော့ သူ့လက်ထောက်လေး ဟယ်ချန် ကုမ္ပဏီ အဝင်ဝမှာ သူ့ကို ရပ်စောင့်နေတာကို မြင်လိုက်ရတယ်။

ဒီလူ သူ့ကို ကုမ္ပဏီ အဝင်ဝမှာ ဘာလို့များ အမြဲ လာစောင့်နေရတာလဲ?

ရုန်ချင်း ဒါကို ထူးဆန်းတယ်လို့ ခံစားရတာကြောင့် တိုက်ရိုက်ပဲ မေးကြည့်လိုက်တယ်။ သူလည်း မေးကြည့်လိုက်တော့ ဟယ်ချန်က သူ့ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်လာခဲ့တယ်။

ရုန်ချင်း :: "???"

ရုန်ချင်းက ဒီမေးခွန်းကို လေးလေးနက်နက် မေးနေတာကို မြင်တော့ ဟယ်ချန် သူ့ကိုယ်သူ ပြန်နှစ်သိမ့်လိုက်တယ်။ CEO ရုန်က တွေးတောစရာ အရမ်းများတော့ ဒီလိုအသေးအဖွဲလေးကို မေ့သွားတာ ဖြစ်လောက်တယ်။

သူ အကျဉ်းချုံး ရှင်းပြလိုက်တယ်။

" ဆရာက အချိန်မကုန်စေဖို့ နဲ့ မြန်မြန်ဆန်ဆန် အစီရင်ခံနိုင်စေဖို့ ကျွန်တော့်ကို ဒီလိုလုပ်ဖို့ အရင်တုန်းက ညွှန်ကြားထားတာပါ။ "

အို ဒါဆို ဒါက မူလရုန်ချင်းရဲ့ အမိန့်ပေါ့။

ရုန်ချင်း တစ်ခဏလောက် အတွေးနစ်နေမိတယ်။ ကောင်းပြီ။ ဒါနဲ့ပတ်သက်ပြီး တကယ်ကို့ တစ်ခုခုမှားနေတာ မရှိဘူး။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now