[ 4 5 ]

7.9K 1.6K 126
                                    

[Unicode]

မိုးကျပြီးနောက် ရာသီဥတုကလည်း ဆောင်းရာသီအတွက် စတင်အေးမြလို့လာပြီ။ ရုန်ချင်းက တစ်ဆက်တည်း သုံးကြိမ် နှာချေလိုက်တယ်။ သူ ရွေးချယ်စရာမရှ်ိဘဲ ကုတ်အင်္ကျီကို ရှာတော်ပုံဖွင့်ရတော့တယ်။

ရှာနေရင်းနဲ့တောင် သူ တိုးတိုးလေး ရေရွတ်နေသေးတယ် :: "မနေ့က ငါ အရမ်းပြင်းထန်သွားလို့ အဲ့လူအိုကြီးအုပ်စု ငါ့ကို အခု ဝိုင်းကျိန်ဆဲနေကြတာများလား?"

အမှန်ပဲ , လေလံပွဲမှာ ရုန်ချင်းက သူ့ရဲ့အောင်နိုင်မှုများနဲ့ လူတိုင်းကို နောက်ထပ်တစ်ဖန် အံ့အားသင့်သွားအောင် လုပ်လိုက်နိုင်တယ်။ သူတို့ပြန်တဲ့အခါ စုန့်ရှန်းတစ်ယောက် သီးခြားလေး ခွဲနေတာကို ကြည့်ရုံနဲ့တင် ရုန်ချင်းတစ်ယောက် ဘယ်လောက်တောင် သုံးခဲ့လည်းဆိုတာ ပြောနိုင်ပေတယ်။

ရှည်လျားလွန်းတဲ့ ကဒ်ဘေအရှည်ကြီးက သူ့အံဆွဲထဲမှာ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေပြီး နေ့အလင်းရောင်ကို ဘယ်တော့မှ ထပ်မြင်ရတော့မှာ မဟုတ်ပေ။ ဒါပေမဲ့ ဘာဖြစ်လဲ?

လူချမ်းသာတစ်ယောက်ရဲ့ ပျော်ရွှင်မှုက ဒီလောက်ရိုးရှင်းလွယ်ကူလွန်းတယ်။

အခြားတစ်ဖက်မှာတော့

လုံချန်တစ်ယောက် လေလံပွဲမှာ suitတစ်စုံကို ဝတ်ဆင်ပြီးတည်းက သူ(မ)....ပြောင်းလဲသွားသလို ခံစားလိုက်ရတယ်။

Crossdressing ဆိုတာ ဘာလဲ? ပျော်ရွှင်မှုလေ! ကမ္ဘာပေါ်မှာ ဒီလိုပျော်စရာကောင်းတဲ့အရာမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ?

ဒီနေ့တော့ သူ(မ)က ဆံပင်ကို ကြော့မော့ပြီး စတိုင်ကျတဲ့ ခပ်တိုတို‌ကေ ဖြစ်အောင် အထူးတလည် သွားညှပ်ခဲ့တယ် :: "မဆိုးဘူး တိုနီလောင်ရှီး။ နောက်တစ်ကြိမ်လည်း ကိုယ် မင်းဆီ ထပ်လာအုံးမယ်။"

လုံချန်တစ်ယောက် မှန်ရှေ့မှာ ကျေနပ်အားရစွာ မတ်တပ်ရပ်နေရင်း သူမကိုယ်သူမ ထပ်ခါထပ်ခါ ကြည့်ရှုနေမိတယ်။ ထို့နောက် သူ(မ) တိုနီလောင်ရှီးကို fly kiss တစ်ပွင့် လှမ်းပေးလိုက်တယ်။

" အိုက်ယား! စိတ်တိုစရာကောင်းချက်~ နောက်တစ်ကြိမ်ထိ စောင့်စရာမလိုပါဘူး , ဒီညဆိုရင်ရော?" သူ့ရဲ့ လက်သန်းကို နုနုရွရွ မြှောက်ထားရင်း တိုနီလောင်ရှီးက သူ(မ)ကို အလွန်ရှက်ရဲစွာ ကြည့်လာပေမဲ့ မျှော်လင့်ချက်အပြည့် အရိပ်အ‌ယောင်လည်း ရှိနေပါသေးတယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now