[ 6 7 ]

8.2K 1.4K 71
                                    

[Unicode]

ချီးပဲ!

ရုန်ချင်းတစ်ကိုယ်လုံး သေချင်စော်နံလာပြီ!

စာအုပ်လေး ဘယ်ရောက်သွားတာလဲ?

စာအုပ်လေး ဘယ်ရောက်သွားတာလဲ!

ငါ့စာအုပ်လေး ဘယ်ရောက်သွားတာလဲ!

စာအုပ်လေးထဲမှာ ပါတဲ့အကြောင်းအရာတွေကို တွေးမိလိုက်တာနဲ့ ရုန်ချင်းတစ်ယောက် မူးမေ့လဲချင်သွားရတယ်။

နိုးးးး စာ...စာအုပ်လေး ဘယ်ရောက်သွားတာလဲ!

အဲ့စာအုပ်! အဲ့ဒီညစ်ညမ်းတဲ့စာအုပ်! စောနကမှ သူ့ပေါ်မှာ ရှိနေခဲ့တာလေ!

ရုန်ချင်းတစ်ယောက် ကောင်းကင်ကြီး ပြိုကျသွားသလို ခံစားလိုက်ရတယ်။

အဲ့ဒီစာအုပ်လေး!

အဲ့စာအုပ်ထဲက အကြောင်းအရာတွေ!

အခြားသူတွေ မြင်လို့မဖြစ်တဲ့ အကြောင်းအရာတွေ အားး!

အားးးးးး!

ငါ ပေါက်ကွဲထွက်တော့မယ်!

ရုန်ချင်းတစ်ယောက် ချက်ချင်း ပြန်သွားပြီး စားသောက်ဆိုင်က သူ့ထိုင်ခုံပေါ်မှာ နှံ့နှံ့စပ်စပ် ရှာဖွေတော့တယ်။ ဒါနဲ့ သူ waiterကို ခေါ်မေးတယ်။ waiterက သူ ဘာပစ္စည်းကိုမှ မမြင်မိကြောင်း ပြန်ဖြေတယ်။

ခပ်တောင့်တောင့် မျက်နှာထားနဲ့ ရုန်ချင်းက စားသောက်ဆိုင်မှ ပြန်ထွက်လာခဲ့တယ်။ သူ့ခမျာ ချက်ချင်း နေမကောင်းဖြစ်ချင်သွားပြီ။

ငါ-ိုးးး! အားးး!

သောက်ကျိုးနည်း စာအုပ်လေး ဘယ်ထွက်ပြေးသွားတာတုန်း?

နေအုံး!

ရုန်ချင်းမျက်နှာအမူအရာက ရုတ်တရက် ရှုပ်ထွေးသွားခဲ့တယ်။ သူ့စိတ်ထဲမှာ အရမ်းကိုမှ ပေါ်လွင်ထင်ရှားနေတဲ့ ကြောက်မက်ဖွယ် အတွေးတစ်ခု ရှိနေတယ်။

သူ ရိုက်ကွင်းနဲ့စားသောက်ဆိုင် နှစ်နေရာတည်းပဲ သွားခဲ့တာ။ ဒါပေမဲ့ စားသောက်ဆိုင်မှာ လုံးဝရှာမတွေ့ဘူး။

ဖြစ်...ဖြစ်နိုင်တာက အဲ့စာအုပ်လေး လင်းကျီနေရာမှာ ကျကျန်ခဲ့တာလား?

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now