[ 2 8 ]

9.6K 1.8K 146
                                    

[Unicode]

ရုန်ချင်း ရောက်လာတာ အတော်လေး မြန်တယ်။ လင်းကျီ မိတ်ကပ်ဖျက်ပြီးရုံရှ်ိသေး သူ ရောက်လာပြီ။ လင်းကျီ ကားထဲ ဝင်လာတဲ့အခါ ဆံပင်တွေ အနည်းငယ် စိုနေသေးတာမြင်တော့ ရုန်ချင်း သူ့ကို တစ်ရှုးတစ်ဘူး လှမ်းပေးလိုက်တယ်။

" သုတ်ဖို့ လိုသေးလား? ဘာလို့ အလျင်စလိုနိုင်ရတာလဲ? အေးဆေးလုပ်လည်း ရတာကို။ "

သူ့နဖူးက အနည်းငယ် နီရဲနေဆဲပဲ။ တစ်ချက်ကြည့်တာနဲ့ သူ အလောတကြီး လုပ်ခဲ့မှန်း သိသာတယ်။ ဒါကြောင့် သူ့ဆံပင်တွေ နည်းနည်းစိုနေသေးတာပဲ။

လင်းကျီက ကျေးဇူးတင်စကား ပြောလိုက်တယ် "ခင်‌ဗျားကားကို ဒီမှာ အကြာကြီး ရပ်ထားမိရင် ဒဏ်ကြေးလာရိုက်လိမ့်မယ်နော်။ " သူလည်း ရုန်ချင်းကို မြန်မြန်တွေ့ချင်တာကြောင့် ကမန်းကတန်း လုပ်ခဲ့တယ်လို့ မပြောပြချင်တာမို့ ဆင်ခြေတစ်ခု ရှာလိုက်တယ်။

သူ့ရဲ့ ဒီခံစားချက်လေးကို ထုတ်ပြောလိုက်တာက နည်းနည်းလေး ရှက်စရာကောင်းတယ် ထင်မိလို့လေ။

" စိတ်မပူပါနဲ့။ ဒယ်ဒီမှာ ပိုက်ဆံအများကြီး ရှ်ိပါတယ်။ " ရုန်ချင်းက အပြုံးပွင့်ကြီးများနဲ့ ပြန်ဖြေလိုက်ပြီး ကားကို ဂရုတစိုက် စမောင်းတော့တယ်။ သူ့မှာ ပိုက်‌ဆံအများကြီး ရှိပေမဲ့လည်း သူက ယာဉ်စည်းကမ်း လိုက်နာတဲ့ အလိမ္မာတုံး ဘေဘီလေးပါနော် !

" လက်ထောက်အသစ်တွေက ဘယ်လိုနေလဲ? အကူအညီ ဖြစ်ရဲ့လား? " အရင်တစ်ခေါက်က သူ မေးဖို့ မေ့နေခဲ့ပေမဲ့ ဒီနေ့မှာတော့ ဟယ်ချန်က သူ့ကို သတိပေးလာ‌တယ်လေ။ အဲ့တော့မှပဲ ရုန်ချင်း ဒီကိစ္စကို အမှတ်ရသွားတော့တယ်။ ရုန်ချင်း တွေးကြည့်ရင် နည်းနည်းလေးတော့ အပြစ်ရှ်ိသလို ခံစားရတယ်။

ရုန်ချင်းက ဒီလို‌အသေးအမွှား ကိစ္စလေးဖြစ်တဲ့ လင်းကျီရဲ့ လက်ထောက်အသစ်များအမူအကျင့် , လုပ်ရည်ကိုင်ရည်တွေကို အထူးတလည် မေးမြန်းနေတာကို ကြားရတော့ လင်းကျီ သူ့စိတ်ထဲ ထူးထူးခြားခြား ပျော်ရွှင်လာရတယ်။ " တော်တော်လေးကောင်းတယ်။ သူတို့နှစ်ယောက်က ကျွမ်းကျင်လက်ထောက်တွေပဲ။ ကျွန်တော့်ရဲ့ အရင်ကလက်ထောက်ထက် အများကြီး ပိုကောင်းတယ်။ "

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now