[ 4 6 ]

8.1K 1.4K 138
                                    

[Unicode]

"ဒါက ဘာလဲ?" လင်းကျီက ဗူးထဲက ပစ္စည်းလေးကို ဇဝေဇဝါ ထုတ်ကြည့်လိုက်တယ်။ ကြည့်ရတာတော့...အကာအကွယ် အဆောင်များလား?

အသေးစိတ်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်မှ လင်းကျီတစ်ယောက် ဒီအဆောင်ပေါ်က စာလုံးများကို ရင်းနှီးသလို ရှိတယ်။ အရင်တုန်းက သူ ရှေးဟောင်းတရုတ်စာလုံးတစ်ချို့ကို လေ့လာခဲ့ဖူးတယ်။ အဆောင်လက်ဖွဲ့ပေါ်က စာလုံးတွေက တာအိုစာပေစကားစုတစ်ခုနဲ့ တူတယ်။

"မက်မွန်ပွင့်တွေကို တွန်းကန်ဖို့ ဒါကို သုံးရမှာလား?"

¶ မက်မွန်ပွင့် ကို နောက်တစ်မျိုး 'မိန်းမလှ တစ်ခါတစ်ရံ ယောက်ျားလှ' တွေလို့လည်း ပြောလို့ရပါတယ် ¶

"မင်း ဘယ်လိုသိလဲ?" ရုန်ချင်းက အံ့အားသင့်စွာ မေးလိုက်တယ်။

ဒီလောက် သိသာတာလား? သူ ဝယ်ခဲ့တဲ့ပစ္စည်းပေါ်က ဖော်ပြချက်ကြောင့်သာ မဟုတ်ရင် သူ သိ‌မှာတောင် မဟုတ်ဘူး။ ဒီကာကွယ်ရေး အဆောင်ကြိုးမှာလေ နှယ်နှယ်ရရ မဟုတ်တဲ့ သမိုင်းတစ်ခု ရှိတယ်။

ဒီအဆောင်ကို တအားရှားပါးတဲ့ ထောင်ချီသက်တမ်းရှိတဲ့ သစ်မွှေးပင်ကနေ ဖန်တီးထားတာ။ အဲ့နောက် ကျော်ကြားတဲ့ ဆရာသမားတစ်ဦးက သစ်မွှေးပင်ရဲ့ ဒီအပိုင်းလေးကို မူရင်းအတိုင်း မပျက်မယွင်းစေဘဲ စာလုံးတွေကို ကိုယ်တိုင်ရေးထွင်းခဲ့တယ်။

ဘယ်သူက ထင်ထားမိမှာလဲ! ဈေးမကြီးပေမဲ့လည်း! အရမ်းမိုက်တယ်လေ ဟုတ်တယ်မလား?! နှစ်တစ်ထောင်သက်တမ်းရှိတယ် , သဘာဝကျကျ ဖန်တီးထားပြီး ဆရာသမားတစ်ဦးကလည်း ရေးထွင်းထားတာလေ! ဒယ်ဒီပိုက်ဆံနဲ့ ဝယ်ထားရတော့ ဒါလေးက ပြီးပြည့်စုံမသွားဘူးလား?

လင်းကျီက အသက်ပြင်းပြင်းရှုလိုက်တယ်။ သူ တည်တည်ငြိမ်ငြိမ် ဆက်နေရမယ်လို့ သူ့ကိုယ်သူ ပြောနေတယ်။ ရုန်ချင်းက....ဒါကို ဆိုလိုချင်တာ မဟုတ်လောက်ပါဘူး။

သူ ဖြည်းဖြည်းချင်း ခေါင်းမော့လာပြီး ရုန်ချင်းရဲ့ မျက်နှာအမူအရာက အရင်ကနဲ့ ဘာမှမကွာခြားသွားတာကို သေချာအောင် စစ်ဆေးကြည့်လိုက်တယ်။ သူ ရုန်ချင်းကို နားလည်ရခက်တဲ့ အမူအရာနဲ့ စိုက်ကြည့်ရင်း "ခင်ဗျား...ဒါကို ကျွန်တော့်အတွက် ဘာလို့ ဝယ်ပေးတာလဲ?"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now