[ 5 3 ]

7.7K 1.5K 225
                                    

[Unicode]

ဂိတ်ပေါက်က အစောင့်လည်း ချက်ချင်း အလုပ်ဖြုတ်ခံလိုက်ရတော့တယ်။ သူ နဲ့ ကုမ္ပဏီမန်နေဂျာက ဦးလေး-တူ ဆက်ဆံရေး ရှိတယ်ဆိုတာလည်း ပေါ်သွားတယ်။ မန်နေဂျာဦးလေးကတော့ သူ့တူက CEOမူကို သွားဆန့်ကျင်တယ်ဆိုတာလည်း ကြားရော ‌သွေးတက်လွန်းလို့ ပွဲချင်းပြီးတော့မလို ဖြစ်သွားရတယ်။

အဲ့နောက် သူ ရောက်လာပြီး သူ့တူရဲ့ခေါင်းကို ကြမ်းပြင်နဲ့ထိအောင် ဖိချကာ မူချန်ကို တောင်းပန်ခိုင်းတော့တယ်။ ပြီးနောက် သူ့တူကို ဖင်စိမ်းတဲ့အထိ ရိုက်နှက်ထုထောင်းပြီးမှ သူ့ညီမအိမ်ပြန်ပို့လိုက်တော့တယ်။

ရှောင်းဇီချီတစ်ယောက် မူချန်ကို ပလန်ချပြီး ဝင်လုံးဖို့ ရောက်လာခဲ့ပေမဲ့ ဒီမူချန်က ကွမ်တုံးလေယူလေသိမ်းနဲ့ တကယ်တကယ် ပြောလိုက်လိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပေ!

သူ ဒီကမ္ဘာမှာ တော်တော်များများ မြင်ခဲ့ဖူးရင်တောင် သူ စိတ်မပျက်ဘဲ မနေနိုင်တော့ဘူး။

တွေးကြည့်အုံးလေ! သူတို့လုပ်နေတဲ့ အချိန်ဆို ဘယ်လိုလုပ်မလဲ?! မူချန်က ရုတ်တရက် စကားပြောလိုက်မယ်!

'ခံစားလို့ကောင်းလား?'

'မင်း ခံစားလို့ကောင်းလား မကောင်းဘူးလား?'

'တစ်ခုခု ပြောပါအုံး'

¶ဘုရား ဘုရား ဝင်လုံးတာတောင် မအောင်မြင်တာ papapaထိ တွေးနေပြီတော် (●__●)¶

-------------

နိုးးးးးး

ရှောင်းဇီချီ ချက်ချင်း ခေါင်းခါယမ်းလိုက်တယ်။

သူ့ကိုယ်သူ ခိုင်ခိုင်မာမာ ပြောနေခဲ့တယ်။ သူ ဒီအကြောင်းကို မတွေးရဘူး! မူချန်က ခွဲထွက်လာတဲ့ ဒုတိယမျိုးဆက်တစ်ဦးဖြစ်ကြောင်းကိုပဲ တွေးနေရမယ်!

ဟုတ်တယ်! ဒီအကြောင်းကိုပဲ များများတွေး! သူက မြေရှင်ကြီး! သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိမှာ! ဒါဆိုရင် သူ့မှာ ပြစ်ချက်အသေးစားတစ်ခု ရှိနေရင်တောင် ဘာအရေးလဲ? သူက ပွင့်ရိုက်ရှပ်နဲ့ ဘောင်းဘီတိုပွပွကြီးကိုပဲ ဝတ်ရတာကြိုက်ကြိုက် ညှပ်ဖိနပ်ကြီး စီးပြီး ဟင်းချိုပူပူသွားသောက်တတ်တော့ရော ဘာအရေးလဲ!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now