[ 5 9 ]

7.7K 1.5K 107
                                    

[Unicode]

"....အာ?" ရုန်ချင်းက မိန်းမောတွေဝေစွာဖြင့် မျက်လုံးဖွင့်လာခဲ့တယ်။

ပြီးတော့ လင်းကျီမျက်လုံးနဲ့ အကြည့်ချင်းဆုံသွားတော့တာပဲ။

ဒါက ဘာအခြေအနေကြီးတုန်းဟ.....?

ရုန်ချင်း ကြောင်အသွားရတယ်။

ပြီးနောက် သူ့လက်ဖိထားတဲ့အရာကို ငုံ့ကြည့်လိုက်တယ်, အတော်လေး တောင့်တင်းပေမဲ့ ကန်ထွက်မှုတစ်ချို့‌လည်း ရှိတယ်။ ဒါက ဘာများလဲ?

လင်းကျီ :: "........"

သူ့မျက်နှာပေါ်က အမူအရာက ထပ်ခါထပ်ခါ ပြောင်းလဲသွားခဲ့တယ်။ တစ်ခဏကြာမှ သူ မူမမှန်စွာ ချောင်းဆိုးလိုက်ပြီး "အဲ့တာ....ကျွန်တော့်ရင်ဘတ်ပါ။"

¶ ဟီးဟီး ကိုယ် အစက ရင်ဘတ်ကို ဖိမိတာလို့ မထင်မိဘူးရယ် ¶

......?

ရုန်ချင်းက ကော်ရှင်မတ်တစ်ခု ပြလာခဲ့တယ်???

နောက်ခဏမှာပဲ သူ လင်းကျီကိုယ်ပေါ်ကနေ ချက်ချင်း ထထိုင်လိုက်တော့တယ်!

ဟမ်? ဘာတွေဖြစ်ကုန်တာလဲ? မင်းရဲ့ရင်ဘတ်က ငါ့လက်တွေအောက် ဘာကိစ္စ ရောက်နေရတာလဲ? မင်းရင်ဘတ်က ငါ့လက်နှစ်ဖက်ကို ဘာလုပ်ဖို့ ကြံစည်နေတာလဲ! မင်း---!

ခဏလေးနေပါအုံး!

ရုန်ချင်း ရုတ်တရက် နားလည်သွားပါပြီ။

ကြည့်ရတာ သူကသာ လင်းကျီကို တစ်ခုခုလုပ်နေတဲ့သူ ထင်တယ်?

အားးးးးး! ဟေ့ကောင်လက်တွေ ခုချက်ချင်း ရပ်လိုက်စမ်း!

ကိုးရိုးကားရား အခြေအနေမှာ ရုန်ချင်းက သူ့လက်နှစ်ဖက်ကို တောင့်တင်းစွာ ပြန်ရုပ်လိုက်တယ်။ နှစ်ယောက်သား စိတ်လှုပ်ရှားစွာဖြင့် အကြည့်စိုက်နေကြလေရဲ့။

လင်းကျီပါးနှစ်ဖက်လုံးက အနည်းငယ် နီရဲနေပေမဲ့ ရုန်ချင်းကို ကြိုးစားနှစ်သိမ့်လိုက်ပါသေးတယ် :: "အ‌ဆင်ပြေပါတယ်...."

အားးးးးး! အဆင်မပြေဘူးကွ!

ခဏလေး မနေနိုင်တော့ဘူး! မင်းနဲ့မှ ဘာကိစ္စ ဒီလို ဖြစ်ပျက်သွားရတာလဲ?

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now