[ 2 6 ]

9K 1.7K 35
                                    

[Unicode]

သူ့ကိုယ်သူ အံ့အားသင့် ထိတ်လန့်နေပေမဲ့လည်း အဆုံးမှာတော့ ကောင်းကျားရွှမ်က ရုန်ချင်းရဲ့ သံလွင်ခက်ကို လက်ခံလိုက်ပြီ။ ရှောင်းဇီချီရဲ့ အလိမ်အညာတွေကနေ ဖန်တီးထားတဲ့ အထင်မြင်ကောင်းတွေထက်စာရင် ရုန်ချင်းရဲ့ စီးပွားရေးပူးပေါင်းလုပ်ကိုင်မယ်ဆိုတဲ့ အရိပ်အမြွက်စကားက သူ့ကို ပိုပြီးစိတ်လှုပ်ရှားစေတယ် , ဒါမှ သူ တစ်နေ့မှာ မိသားစုစီးပွားရေးကို အောင်အောင်မြင်မြင် လက်လွှဲယူနိုင်တဲ့ထိ သန်မာမှာဖြစ်တယ်။

" မင်းနဲ့ စီးပွားရေးတူတူလုပ်ရလို့ ဝမ်းသာပါတယ်။ " ကောင်းကျားရွှမ်တစ်ယောက် သူတို့စကားဝိုင်း ပြီးသွားတာနဲ့ သူ့တစ်ကိုယ်လုံးလည်း သွက်လက်ပေါ့ပါးလန်းဆန်းသွားခဲ့တယ်။

သူလည်း ရှောင်းဇီချီကို ဘာလို့များ ရုတ်တရက် သဘောကျစိတ်တွေ ဝင်လာသလည်းဆိုတာ နားမလည်နိုင်တော့ပေ။ ကောင်းကျားရွှမ်က သူ့ကုမ္ပဏီမှာ စာချုပ်ချုပ်ထားတဲ့ မင်းသား မင်းသမီးများနဲ့ ဒိတ်မလုပ်ဘူးဆိုတဲ့ ကိုယ်ရေးကိုယ်တာစည်းမျဉ်း ချမှတ်ထားသူဖြစ်တယ်။ ထပ်တွေးကြည့်တော့ ကောင်းကျားရွှမ် ရုတ်တရက် ဇောချွေးတောင် ပြန်လာရတယ်။

သူ နဲ့ စုန့်ရှန်းက အတော်လေးတူတယ်။ အိမ်က လူအိုကြီးက ရှယ်ယာအများအပြားကို ထိန်းသိမ်းထားတုန်းပဲ။ အများဆုံးပြောမှ သူက ဆက်ခံသူအဆင့်သာ ရှိသေးတယ်။ ထူးတာက သူ့မိသားစုအရေးပဲ။ လူအိုကြီးရဲ့ ဇာတိက ဆိပ်ကမ်းမြို့ဖြစ်တယ်။ လူအိုကြီးက ငယ်ငယ်တုန်းက နေရာအစုံသွားပြီး ဆတ်ဆတ်ဆော့ဆော့ လျှောက်မွှေတတ်ကာ ရှေးရိုးစွဲတာမျိုးလည်း မရှိဘဲ အတော်လေး အမြင်ကျယ်ပေတယ်။ သူ့မိသားစုရဲ့ ကိုယ်လုပ်တော် အရေအတွက်က ၁၇-၁၈ ယောက်ထိရှိတယ်။ ကောင်းကျားရွှမ် သူတို့နဲ့တွေ့ရင် တစ်ယောက်ချင်းစီကို မိထွေးလို့ လိုက်ခေါ်ရတုန်းပဲ။

သူက ဇနီးကြီးက မွေးတဲ့သားဆိုပေမဲ့လည်း လူအိုကြီးက သူ့ကို ကုမ္ပဏီရှယ်ယာ ၂၀ရာခိုင်နှုန်းကို လိုလိုလားလား လွှဲပေးလိုက်တဲ့ အဓိက အကြောင်းရင်းက အထက်တန်းကျောင်းမှာ သူ့စွမ်းရည်တွေကို ရုတ်တရက် ထုတ်ပြလာတာကြောင့်ပဲ။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now