[ 9 8 ]

4.7K 1K 26
                                    

[Unicode]

ကုမ္ပဏီခွဲ၌

အခုချိန်မှာတော့ ချူးခယ့်တစ်ယောက် သူ့သူဌေးရောက်လာတော့မယ်ဆိုတာ မသိသေးပါဘူး။ သူ အခု သေလုမြောပါး ခံစားနေရပြီ။ လက်ထောက်ချုပ်ဟယ် နောက်ဆုံးတစ်ခေါက် လာကြည့်ပြီးတည်းက ပင်မကုမ္ပဏီက တစ်ယောက်ကို သူ့လက်ထောက်အဖြစ် ပြောင်းရွှေ့စေတယ်။

လက်ရှိ သူ့ရိုက်ကူးရေးအဖွဲ့ ဖွဲ့စည်းတာအပြင်  အရေးကြီးဆုံး အလုပ်က သူ့မျက်နှာအမူအရာကို လေ့ကျင့်တာပဲ။

"ဒီလိုပြုံးရမှာလား?" သူ မျက်လုံးထောင့်လေးကို ကွေးပြလိုက်တယ်။

လက်ထောက်က ခေါင်းခါပြတယ် :: "မလည်မဝယ်နိုင်လွန်းတယ်။"

"ဒီလိုဆိုရင်ရော?" သူ မျက်စိကို မှေးပြလိုက်တယ်။

လက်ထောက်က မျက်နှာသေနဲ့ :: "တုံးလွန်းတယ်။"

"ဒီလိုရော?" သူ့နှုတ်ခမ်းထောင့်ကို နည်းနည်းတွန့်ကွေးပြလိုက်တယ်။

လက်ထောက်က မဟားတရား ‌အေးစက်စက်နိုင်စွာ :: "လူယုတ်မာအပြုံး? မသင့်တော်ဘူး။"

"ငါ မပြုံးရင်ရော?" ချူးခယ့် မျက်မှောင်ကြုပ်ပြပြီး မျက်နှာ ခပ်တင်းတင်း ထားလိုက်တယ်။

လက်ထောက်က အသက်ပြင်းပြင်းရှုရင်း "အရမ်းများသွားပြီ။ စေ့စပ်ညှိနှိုင်းမယ့်ရုပ် မပေါ်တော့ဘူး။ ထရိုက်တော့မယ့်အတိုင်းပဲ။"

ချူးခယ့် တစ်စက်လေးမှ စိတ်မရှည်တော့ဘူး :: "ဒါဆို ဘယ်လိုပြုံးရင် အကောင်းဆုံး ဖြစ်မှာလဲ?"

လက်ထောက်ချုပ်ဟယ်က သူ့မျက်နှာအမူအရာကို ကူလေ့ကျင့်ပေးဖို့ လက်ထောက်တစ်ယောက် အထူးတလည် ပို့ပေးထားတာမှန်း သူ နားလည်တယ်၊ ဒါပေမဲ့ တကယ်ကြီး ‌တအားခက်လွန်းနေတယ်လို့!

လက်ထောက်ခမျာလည်း ဒီတာဝန်က ဒီလောက်တောင် ရှုပ်ထွေးနက်နဲသွားမယ်လို့ သူ တကယ် မထင်ခဲ့ရိုးအမှန်ပါ။ သူလည်း ယောက်ယက်ခတ်နေပါပြီ။ သူ ဒီကုမ္ပဏီခွဲမှာပဲ အချိန်တစ်ခုလောက်ထိ ခြေချုပ်မိနေဖို့ ကံပါနေတာများလား?

"မင်းတို့တွေ ဘာလုပ်နေကြတာလဲ?" ရုန်ချင်း ဝင်လာတဲ့အချိန် သူ အရင်ဆုံး မြင်လိုက်ရတာက ဒီနှစ်ယောက် တုန်လှုပ်ချောက်ချားနေတဲ့ မျက်နှာထားနဲ့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတာပဲ။ သူ ချက်ချင်း ကြောင်အသွားရတယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now