[ 8 9 ]

5.5K 1.1K 145
                                    

[Unicode]

လင်းကျီတစ်ယောက် သူ့နှလုံးသားထဲ ငြိမ်းအေးသက်သာသော နွေးထွေးမှုကို ခံစားနေရတယ်၊ ရေနွေးနွေးထဲ စိမ်နေရသလိုမျိုး စိုးရိမ်သောက ကင်းပြီး လုံခြုံတယ်။ သူ မပြုံးဘဲ မနေနိုင်တော့ပေ :: "ကျွန်တော် လိုချင်တယ်"

သူ ရပ်သွားပြီး screenပေါ်က ရုန်ချင်းကို ထပ်ကြည့်လိုက်တယ်။ သူ့အသံကို အနည်းငယ် တိုးညှင်းလိုက်ကာ ကြားရသူအပေါင်း ဦးရေပြား ထုံကျင်သွား‌စေလောက်တဲ့ထိ သာယာနူးညံ့သော အသံဖြင့် "ရုန်ကောကော ကျွန်တော့်ကို ဇာတ်ကောင်နေရာ ပေးမှာလားဟင်?"

ဒုန်း!

အားဝေ့ သေသွားပြီ ! အားဝေ့ ပြန်ရှင်သန်လာပြီ ! အားဝေ့တစ်ယောက် ဖွာလန်ကြဲနေတဲ့ သင်္ချိုင်းမှာ လုံးဝ သေသွားပြီ ! 

ရုန်ချင်းလည်စေ့က အထက်အောက် ရွေ့လျားသွားပြီး တံထွေးတွေကို မျိုချလိုက်တယ်။

အိုးးး သောက်ကျိုးနည်းပဲဟေ့ ! ဘယ်လိုတောင် အံ့ဩစရာ‌ကောင်းတဲ့ ဝံပုလွေပေါက်လေးပါလိမ့်! ဒီဆက်စီကျတဲ့ ရှတတ အနိမ့်သံက တကယ် သောက်ရမ်း နားထောင်ကောင်းတယ်လို့ ဟုတ်ပြီလား?! ချစ်တယ်ကွာ!

မင်း ‌ဇာတ်ကောင်ကို ယူနိုင်ပြီ !
မင်း ဇာတ်ကောင်ကို ယူနိုင်ပြီ !
မင်း ဇာတ်ကောင်ကို ယူနိုင်ပြီ !

ငါ မင်းကို ပေးမယ် !
ငါ မင်းကို ပေးမယ် !
ငါ မင်းကို ပေးမယ် !

အားလုံး မင်းအပိုင်ပဲ! အကုန်မင်းဟာပဲ!

ရုန်ချင်းတစ်ယောက် 'တည်ငြိမ်တဲ့ အသွင်အပြင်ကို ထိန်းသိမ်းရမယ်' လို့ ကိုယ့်ကိုယ်ကိုယ် သုံးကြိမ်သုံးခါ တိတ်တဆိတ် သတိပေးပြီးမှပဲ မိုးထိုးမတတ် ကွေးတက်နေတဲ့ သူ့နှုတ်ခမ်းထောင့်ကို ပြန်သပ်ချနိုင်လိုက်တယ်။

သူ တည်ငြိမ်ချင်ယောင်ဆောင်ပြီး :: "အဟွတ် မင်း အဲ့ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ချင်တယ် ဆိုတော့လည်း ငါ မင်းကို ပေးလိုက်ပါ့မယ်လေ။ အချိန်ကျရင်‌တော့ မင်း ကောင်းကောင်းသရုပ်ဆောင်ရမယ်နော် ဟုတ်ပြီလား?"

အပြုံးပန်းများ ပွင့်လန်းနေတဲ့ လင်းကျီတစ်ယောက် ရုန်ချင်းရဲ့ အနည်းငယ် ရှက်ရဲရဲ ဖြစ်နေတဲ့ မျက်နှာနီနီကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ် :: "ကောင်းပါပြီ။ ကျွန်တော် သေချာပေါက် ကောင်းကောင်း သရုပ်ဆောင်မှာပါ။ ရုန်ကော‌ကော စိတ်ပျက်သွားအောင် ကျွန်တော် မလုပ်ပါဘူး။"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now