[ 3 2 ]

8.8K 1.7K 41
                                    

[Unicode]

ဒီနောက်ပိုင်း ရာသီဥတုက အပြင်းအထန် ကျဆင်းလာတယ်။ မူလက သုညဒီဂရီအထက်မှာ ရှိတဲ့ မြို့ကြီးက ရုတ်ချည်း သုညဒီဂရီအောက် ပြုတ်ကျသွားတယ်။ ရုန်ချင်း သူ့အရိုးတွေထဲထိပါ အေးခဲနေပြီ။ ဒီမနက်ရောက်တော့ သူ သည်းမခံနိုင်တော့ဘဲ လေယာဉ်တစ်စင်းပေါ် တက်ကာ နယူးဇီလန်မှာ ဆောင်းရာသီကို ဖြတ်သန်းဖို့ သွားတော့တယ်။

နယူးဇီလန်မှာ မူလရုန်ချင်းက အီကွေတာနဲ့ နီးတဲ့နေရာမှာ ဗီလာတစ်လုံး ဝယ်ထားတယ်။ ငရဲလို ပူပြင်းချက်ဆိုတာ။ ရုန်ချင်း အဲ့ဒီမှာ တစ်ရက်နေလိုက်တာနဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံး နွမ်းလျသွားလောက်အောင် ပင်လယ်လေကြမ်းများရဲ့ အတော်လေး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်း ခံလိုက်ရတော့တယ်။

သူ့ခမျာ လက်လေးတစ်ချောင်းတောင် မလှုပ်ချင်တော့တဲ့ ဒီအချိန်မှာ ဘက်စုံသုံး လက်ထောက်ဟယ်ချန်ဆီမှ ဖုန်းဝင်လာတော့တယ်။

ကံဆိုးချက်ပဲ။

ဒါက လက်ထောက်ဟယ် ဖြစ်နေတယ်လေ။

ရုန်ချင်းတစ်ယောက် အဲလ်ကွန်းခန်းထဲ တွားသွားဝင်သွားပြီး သူ့အင်အား ပြန်ပြည့်လာတော့တယ်။ အိပ်ရာဘေးက စားပွဲပေါ်မှာ ဖုန်းက အရူးအမူး တုန်ခါနေတော့တယ်။ မြန်ဆန်ပြီး လှုပ်ရှားတက်ကြွသော တီးလုံးတစ်ချို့သာ ထပ်ပေါင်းထည့်လိုက်ရင် သူတော့ discoအကတောင် ထကလို့် ရလောက်ပြီ။

၁၅မိနစ်လုံးလုံး တောင့်ခံပြီးတဲ့နောက် ရုန်ချင်း နောက်ဆုံးတော့ လက်လျှော့လိုက်ပြီ။

" ပြော....." သူ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ခေါ်ဆိုမှုကို လက်ခံလိုက်ကာ သူ့ကို တိုက်ခတ်နေတဲ့ လေအေးတွေကြောင့် ငိုက်မျဉ်းလာရတယ်။

ဟယ်ချန်က သူ့မျက်မှန်ကို ပင့်တင်လိုက်တယ်။

[ Boss မစ်ကောင်းက ကျွန်တော့်ကို ဆက်သွယ်တယ်။ ကျွန်တော့်ရဲ့အလုပ်emailကို ပေးထားတာ boss ပါလို့လည်း သူ(မ)ပြောတယ်? ]

အမ်မ်မ်မ်မ်

ရုန်ချင်း သူ့နှာခေါင်းထိပ်ကို ပွတ်သပ်ရင်း "အာ...ဟုတ်တယ်။ "  ကြည့်ရတာတော့ သူ ဘက်စုံသုံးလက်ထောက်လေးကို အရင်သတိပေးဖို့ မေ့သွားတဲ့ပုံပဲ!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now