[ 1 1 1 ]

3.6K 748 14
                                    

[Unicode]

အစကတော့ ဘယ်သူမှ ဒီပုံကို သတိမထားမိကြ၊ ဘာလို့ဆို သူ့ပုံစံက အကြီးတစ်ယောက်အိမ် သွားလည်ပြီး ဟုန်ပေါင်းရလာသလိုမျိုးပဲလေ၊ ဘာမှထူးခြားတာမှ မဟုတ်တာ။

ဒါပေမဲ့ keyword တွေ တစ်နေ့လုံး ရှာဖွေရေးဆင်းနေကြတဲ့ သတင်းမီဒီယာတွေက သွေးနံ့ကို လျင်လျင်မြန်မြန်ပဲ အနံ့ခံမိလိုက်တယ်။ ဒီပို့စ်တင်တော့ တည်နေရာပါ ပါနေတာကို သူတို့ ‌ရှာတွေ့သွားကြတော့တယ်။

တည်နေရာက သတင်းမီဒီယာ အသိုင်းအဝိုင်းထဲက လူတိုင်း သိတဲ့ ရုန်စံအိမ်တော်ပဲ။ လတော်တော်ကြာ ပွဲတွေဘာတွေ မရှိခဲ့တဲ့ ရုန်စံအိမ်ကို keyword search ထဲ တွေ့လိမ့်မယ်လို့ သူတို့လည်း လုံးဝ မထင်ထားမိဘူးလေ?

ရှာတွေ့သွားတဲ့ သတင်းမီဒီယာ အဖွဲ့သားတွေက ပျော်ရွှင်အံ့အားသင့်သွားကြကာ ကမန်းကတန်း ဝင်ကြည့်တော့တယ်။ သူတို့ ဝင်ကြည့်ကြည့်ချင်းမှာ မျက်မှောင်ကြုပ်သွားရတယ်။ ဒီအမျိုးသမီး၊ သူ(မ)က ဘယ်သူကြီးတုန်း?

အဲ့နောက် သူ(မ)ရဲ့ wallထဲက အကြောင်းအရာတွေကို သေချာလေး စပ်စုကြည့်မိတော့ သူတို့အားလုံး ချက်ချင်းလက်ငင်း တက်ကြွလာကြလေရဲ့။ ရုတ်တရက်ကြီး တစ်စုံတစ်ယောက်က 'လူတိုင်း သိကြမယ့် အရမ်းကောင်းတဲ့' အကြံတစ်ခုကို တွေးမိသွားတယ်။ သူတို့တွေ ဒီပို့စ်ကို ချက်ချင်း ss ရိုက်ပြီးတာနဲ့ ကီးဘုတ်ပေါ်မှာ ပြင်းပြင်းထန်ထန် စရိုက်ကာ အခြားဘယ်သူမှ လက်မဦးခင် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဆောင်းပါးတစ်ပုဒ်ကို အသည်းအသန် ကောက်ရေးကြတော့တယ်!

ဒီဘက်အခြမ်းမှာတော့ ကုန်းစွင့်ဇီပိုင်နဲ့ ရုန်ချင်းတို့က စကားပြောနေကြတုန်း။ ရုန်ချင်းက ကုန်းစွင့်ဇီပိုင်တစ်ယောက် ဒီမျိုး‌ဆက်ငယ်လေးတွေအားလုံးကို ခေါ်လာရတဲ့အကြောင်းကို အတော်လေး စပ်စုချင်မိတယ် :: "ဒီကလေးအားလုံးက မင်းတို့ပင်မမိသားစုကပဲလား? အဲ့တာကြောင့် သူတို့လောကအမြင်တွေ ကျယ်စေဖို့ မင်း ခေါ်လာခဲ့တာလား?"

ကုန်းစွင့်မိသားစုက မူမိသားစုလိုပဲ မျိုးပွားတအားကောင်းတာများလား? ဒါပေမဲ့ ဒါကြီးက နည်းနည်း မများလွန်းဘူးလားလို့?

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now