ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (U)

9.2K 503 40
                                    

(A/N: ကြိုတင်အသိပေးလိုတာကတော့ ဗီလိန် Character တွေအားလုံးက နန်းတွင်းရှေးခေတ်ရောက်နေကြတာမဟုတ်ကြဘဲ ဒီဘက်တိုးတက်နေတဲ့ခေတ်ဖြစ်နေတဲ့အတွက် စကားအသုံးအနှုန်းက နန်းသုံးစကားအပါအဝင်၊ ပေါ့ပေါ့ပါးပါး သာမာန်လူတွေပြောသလိုပြောကြတာကို မြင်ရပါလိမ့်မယ်။)

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 1
𝕰𝖝𝖔𝖗𝖈𝖎𝖘𝖙 𝕵𝖊𝖗𝖊𝖒𝖎𝖆𝖍

╚═════ ࿇ ═════╝

လွန်ခဲ့သော ရာစုနှစ်များမှစ၍ ယနေ့မျက်မှောက်ခေတ် ၂၁ရာစုနှစ်ထိတိုင် မကောင်းဆိုးဝါးမိစ္ဆာများသည် လူသားများ​၏ဝိညာဉ်များကိုနုတ်ယူလေ့ရှိကြပြီး လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်းအဖြစ် ဟန်ဆောင်နေထိုင်လေ့ရှိခဲ့ကြသည်။ ထိုနည်းတူစွာ နတ်ဆိုးမိစ္ဆာများသည်လည်း အသွင်ပြောင်းသမန်းမိစ္ဆာများအဖြစ် နေထိုင်လေ့ရှိခဲ့ကြသည်။

၎င်းတို့​၏အရေအတွက်သည် လူသားဦးရေနှင့် ထပ်တူညီမျှကာ ပေါများခဲ့သောကြောင့် မိစ္တာနှိမ်နှင်းဆရာ အများအပြားလည်း ပေါ်ထွန်းခဲ့လျက်။

ခေတ်အဆက်ဆက် မိစ္ဆာနှိမ်နင်းဆရာများစွာထဲတွင် အင်အားအကောင်းဆုံးမျိုးဆက်များဟာ အာရှနှင့် ဥရောပမှာ နိုင်ငံအနှံ့ပေါ်ထွန်းခဲ့ရာ ထိုအထဲတွင် အင်္ဂလန်နိုင်ရှိ Timonthy Freeman ( တီမိုသီ ဖရီးမန်း) မျိုးဆက်လည်း ပါဝင်ခဲ့သည်။

ထို့အပြင် အနှိမ်နင်းရအခက်ဆုံးနှင့် စွမ်းအားအမြင့်ဆုံး အသွင်ပြောင်းသမန်းမိစ္တာများသည်လည်း နိုင်ငံဒေသအလိုက် အင်အားကြီးမျိုးဆက်များအဖြစ် ယခုမျက်မှောက်ခေတ်ထိတိုင်အောင် လူသားများကြား၌ နေထိုင်တည်ရှိလာခဲ့ကြသည်။ ယင်းတို့သည်လည်း လူသားများကဲ့သို့ ဘုရင်စနစ်အဖြစ် အုပ်ချုပ်ကြကာ ကိုယ်ပိုင်နယ်မြေဧရိယာအသီးသီဖြင့် ရပ်တည်နေကြ​၏။

----

တိမ်လွှာများကို ထိတော့မည့်အတိုင်း ခမ်းနားစွာ တည်ဆောက်ထားသော အင်္ဂလန်နိုင်ငံ​၏အကြီးဆုံး မိုးမျှော်တာဝါများထဲကတစ်ခုသည် ကြီးမားထည်ဝါစွာရှိနေခဲ့သည်။ ထိုတာဝါ၏ဆန့်ကျင်ဘက်အခြမ်းတွင် နှစ်ချို့အိမ်တော်တစ်ခုရှိနေခဲ့​၏။ ထိုစံအိမ်တော်​၏အတွင်းပိုင်းအား သေသပ်လှပသောအဆင့်မြင့်လူနေမှုအသုံးအဆောင်ပစ္စည်းများဖြင့် ဆင်ယင်မွမ်းမံထားသည်။ အိမ်တော်ထိန်းမောင်မယ်များ၊
ကိုယ်ရံတော် အစောင့်အကြပ်များစွာမှာ စံအိမ်တော်တွင် သူတို့တာဝန်နှင့်သူတို့အလုပ်ရူပ်နေခဲ့ကြ​သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now