ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses

745 66 30
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 29

The Traitorous Mafia Bosses

╚═════ ࿇ ═════╝



ကီရမ်က မွန်ဒီနှင့်ချိန်းဆိုထားသောစားသောက်ဆိုင်သို့ လာဖို့အရေး သူ​၏ခမည်းတော် ဂျက်ဖရီနှင့် အစ်ကိုတော်များကြောင့် ယခုထိတိုင် မထွက်လာနိုင်ဘဲရှိနေခဲ့သည်။

ချိန်းဆိုထားသည်မှာ ၁၁ နာရီခွဲဖြစ်​၏။ ယခုမူ ၁ နာရီခွဲရှိလေပြီ။

တကယ်တမ်းတော့ မွန်ဒီနှင့် ပထမဆုံးချိန်းထားခဲ့သည့်အချိန်မှာ ညနေပိုင်းအချိန်ဖြစ်ပြီး ယခုတွင် နေ့ခင်းပိုင်းသို့ ပြောင်းရွှေ့ထားသည်။

အစပိုင်းမှာ ကီရမ်လည်း ဖုန်းထဲတွင် မွန်ဒီကို အချိန်အဆင်ပြေသည်ဟု ပြောကြားခဲ့ပြီးမှ သူထွက်ခံနီးတွင် အစ်ကိုတော်ဂါဗင်နှင့် ရီကာဒိုတ်ို့က ခမည်းတော် ဂျက်ဖရီထံ တစ်စုံတစ်ရာ ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲ ရောက်ချလာခဲ့​၏။

ထို့ကြောင့် ဂါဗင်လာနေတုန်း သူအပြင်ထွက်မည်ဆိုပါက ဂါဗင့်ဘက်က သူ့ကို တိမ်းရှောင်သည်ဟု တစ်မျိုးတွေးပေလိမ့်မည်။

ဤသို့ဖြင့် ကီရမ်လည်း သူတို့အားလုံးအား တစ်ခဏတာ လောကွပ်ချော်ပြီးမှ အပြင်ထွက်မည်ဟု ကြံစည်ထားခဲ့သော်လည်း ရီကာဒိုနှင့်ဂျက်ဖရီတို့၏စကားကြောရှည်နေမှုကြောင့် ချိန်းထားသည့်အချိန်မှာ ကျော်လွန်နေခဲ့သည်။

တစ်ဖက်တွင် မွန်ဒီက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည်ကို စိတ်မရှည်လာသဖြင့် ကုလားထိုင်ပေါ်တွင် သက်ပြင်းချကာ ခြေပစ်လက်ပစ်နေထိုင်မိသည်။

" ဟေး ... ဘယ်လိုထိုင်နေတာလဲ။ လူမြင်မကောင်းဘူး "

ဂျရယ်မိုင်ရာက မွန်ဒီ​၏ဖရိုဖရဲ ဗရမ်းပတာဖြစ်နေသော ဂါဝန်အတိုကို အမြန်ဖုံးဖိပေးခဲ့ပြီး သူမ​၏ပေါင်နှစ်ခြမ်းကို စိပေးခဲ့သည်။

" အဲဒီကောင်က ကြာလိုက်တာ​။ ဖုန်းဆက်တာလည်း မကိုင်ဘူး။ ရားး ပျင်းလာပြီ။ သွားတော့မယ် "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now